Chapter XII (U)

6.1K 690 8
                                    

နေရောင်ပျပျဟာ အခန်းပြတင်းကိုဖြတ်ပြီး ယိပေါ်ရဲ့ အိပ်ခန်းဆီ ဖြည်းဖြည်းချင်း ရွေ့လာခဲ့တယ်။

အပြင်ဘက်က ငှက်တွေ အသံဆူညံပြီး မကြာခင်မှာပဲ နှိုးစက်သံက မြည်လာတော့တယ်။

မနက် ၇:၀၀ ။

အိပ်ရာက မထချင်သေးပေမယ့် လူးလဲပြီး ထလိုက်ရတယ်. မဟုတ်ရင် ကျောင်းနောက်ကျတော့မယ်။

ဂျပန်မှာ ဆောင်းတွင်း နှင်းတွေ သဲသဲမဲမဲ ကျတဲ့အချိန်ကလွဲလို့ နွေဦးတို့၊ နွေတို့က တအား နေလို့ကောင်းတယ်။

အရင်လို မေမေတို့နဲ့ အတူတူနေတာ မဟုတ်တော့ မ ထ မိလည်း လာနှိုးမယ့်သူ မရှိတာမို့ ကိုယ့်အသိစိတ်နဲ့ကိုယ် ထ ရတယ်။

ရေချိုး၊ အဝတ်အစားလဲပြီး မှန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျောင်းသွားဖို့ ထွက်လာခဲ့တယ်.

အပြန် ဖေဖေ့ရုံးကို ဝင်ရမယ်လို့ စဉ်းစားလိုက်တယ်. ဖေဖေ့ကို ပြန်ပို့ပြီး အိမ်ကို အလည်သွားရမယ်. မရောက်ဖြစ်တာ (၂) ပတ်လောက်ရှိပြီ.
နယ်က ကျောင်းလာတက်တဲ့ ညီမဝမ်းကွဲလေးကို ခေါ်ထားတာမို့ မေမေတို့ အဖော်ရပေမယ့် သူ မျက်နှာ သွားပြဦးမှ ကောင်းမယ်.

အသက်ကြီးပေမယ့် ဖေဖေဟာ သွက်လက်နေတုန်းပဲ။ ဒါပေမယ့် ဖေဖေ့ကို အလုပ်ပေးလုပ်မှာ ဒီတစ်နှစ် နောက်ဆုံးပါပဲ.. ။

ယိပေါ် တက္ကသိုလ် နောက်ဆုံးနှစ် ရောက်နေပြီမို့..

တိုးတက်နေဆဲ ခုနှစ်တွေဖြစ်လို့  နည်းပညာအထူးပြု ယူထားတဲ့ သူ့အတွက် အလုပ်ရဖို့ မခက်ခဲတော့မှန်း သူသိတယ်.

ယိပေါ်ဟာ တက္ကသိုလ် နောက်ဆုံးနှစ်ရဲ့ စာသင်နှစ် အစမှာပဲ အိမ်က ခွဲထွက်ခဲ့တယ်. ဘွဲ့မရသေးပေးမယ့် အလုပ်မှာ လက်ထောက်အဖြစ် ပြန်လုပ်ရင်း ရတဲ့လစာနဲ့ သူ့တစ်ယောက်စာ ရပ်တည်နိုင်ပြီ ။

သူ့ တိုက်ခန်းက ကျဉ်းကျဉ်းလေး ။ ပရိဘောဂအနည်းအကျဉ်းပဲရှိတဲ့ ကြောင်တစ်ကောင်နဲ့ လူတစ်ယောက် အတွက်တော့ ကောင်းကောင်း အဆင်ပြေတဲ့နေရာ ။

အစက ရှောင်းဖန်ကို မေမေတို့ဆီမှာ ထားခဲ့ဖို့ စဉ်းစားသေးပေမယ့် လူကြီးတွေကို အလုပ်မရှုပ်စေချင်တာရယ်၊ သူက မခွဲနိုင်တာရယ်ကြောင့်ပဲ သူ့တိုက်ခန်းကို ရှောင်းဖန်ပါ ပါလာတော့တာပဲ.

Ren's Untitled Story [一战]Where stories live. Discover now