Chapter III

7.6K 809 2
                                    

ဒီနေ့က တနင်္ဂနွေနေ့ ။ တိတိကျကျ ပြောရရင်​ အထက်​တန်း ပထမနှစ်​ ပြီးသွားတဲ့ ကျောင်းပိတ်​ရက်​တွေထဲက တနင်္ဂနွေနေ့ တစ်​နေ့ ...

ယိပေါ် အိမ်​ရှေ့မှာ တကုပ်​ကုပ်​နဲ့ .. ။

ယိပေါ်တို့ မိသားစုဟာ သမီး မိန်းကလေး မရှိတဲ့အတွက်​ ယိပေါ် ကိုယ့်​အဝတ်​ကိုယ်​ လျှော်​ ရတယ်​၊ လှမ်းရတယ်​ ..

ယိပေါ် ခါလိုက်​တဲ့ ကျောင်းဝတ်​စုံ ဆီက ဆပ်​ပြာနံ့လေးတွေက သင်းခနဲ ..

အဝတ်​တွေကို ကြိုးတန်းမှာ ချိတ်​နေတုန်းမှာပဲ .. ရှောင်းကျန့်​က စာအုပ်​ (၂) အုပ်​ပိုက်​ပြီး ယိပေါ်ဆီ ရောက်​ချလာခဲ့တယ်​ ..

" ဟာ .. ကိုကို "

ကိုကိုက ပြုံးပြတယ်​ ..

" ယိပေါ် .. မအားဘူးလား ကိုကို စာအုပ်​ သွားအပ်​ချင်​လို့ လိုက်​ခဲ့ခိုင်းမလို့ကို .. "

" အားတယ်​ အားတယ်
ခဏပဲ စောင့်​ "

ကိုကိုက ယိပေါ်နဲ့ တူတူအဝတ်​တွေ ကူလှမ်း ပေးတယ်​ .

အဝတ်​စတွေ ကြားထဲက လှစ်​ခနဲ လှစ်​ခနဲ မြင်​ရတဲ့ ကိုကို့ မျက်​နှာ အစိတ်​အပိုင်း တစ်​ခုချင်းစီက သိပ်​လှတာပဲ ..

" ရပြီ ကိုကို .. ထားခဲ့လိုက်​တော့ "

ကိုကိုက ခွက်​ထဲက အဝတ်​ညှစ်​ထားတဲ့ ရေလက်​ကျန်​တွေကို မြက်​ပင်​တွေပေါ် လောင်းချလိုက်​တယ်​ ..

တရုတ်​လိုနဲ့ ဂျပန်​လို လုံးထွေးပြီး ပြောချင်​သလို ပြောနေတဲ့ ယိပေါ်တို့ကို လမ်းသွားလမ်းလာ တချို့က ကွက်​ကြည့်​ကွက်​ကြည့်​ ကြည့်သွားကြတယ်​ ..

ယိပေါ်တို့ အချင်းချင်းတော့ နားလည်​နေကြတာပါပဲ ..

ကိုကို ငှားတဲ့ စာအုပ်​ဆိုင်​ ရောက်​ဖို့ အဝေးကြီး လျှောက်​ရတယ်​.
မညီညာတဲ့ Kurashiki ရဲ့ မြေမျက်​နှာ အနေအထားကြောင့်​ လှေကားထစ်​တွေလည်း အများကြီး ဆင်းရတယ်​ ..

လမ်းလျှောက်​ရမှာလည်း အပျင်းတစ်​တဲ့ ယိပေါ်ဟာ ကိုကိုနဲ့ တူတူဆိုတဲ့ အသိနဲ့တင်​ ညောင်း တယ်​မထင်​ပဲ နွေးထွေးနေခဲ့တယ်​ ..
Kurashiki တစ်​မြို့လုံး ပေါ်ဖြာကျနေတဲ့ နေရောင်​ထက်​ပေါ့ ...

Ren's Untitled Story [一战]Where stories live. Discover now