Chapter XIII(U)

5.7K 744 15
                                    

ယိပေါ် ထင်ထားတဲ့အတိုင်းပါပဲ။ တိုးတက်နေဆဲ ခုနှစ်တွေ ဖြစ်လို့ နည်းပညာအထူးပြု ယူထားတဲ့ သူ့အတွက် အလုပ်ရဖို့က လက်တစ်ကမ်းမှာပဲ ရှိနေခဲ့တယ်.

ကျောင်းပြီးလို့ သိပ်မကြာခင်မှာပဲ လစာကောင်းကောင်းနဲ့အလုပ်ခွင်ကို ဝင်တယ်.
မေမေတို့ကို ထောက်ပံ့တယ်.

မနက် အလုပ်သွား၊ ညနေ အလုပ်ပြန်..
ပျင်းစရာလို့ ပြောလို့ရတဲ့ သာမန်ဘဝ တစ်ခုနဲ့။

အခုဆို သူက တက္ကသိုလ်ကျောင်းသားလေး မဟုတ်တော့ဘူး.

အသက် (၂၃) နှစ်ပြည့်ဖို့ လပိုင်းပဲ လိုတော့တဲ့ လူငယ်တစ်ယောက်..

ဆံပင်တွေကို အညိုရောင်ပြန်ဆိုးတယ်. ယိပေါ်ဟာ ကျောင်းသားလေး မဟုတ်တော့တာမို့ အလုပ်ခွင်မှာ အသက်ငယ်တဲ့ သူ့ကို ကလေးလို့ မသတ်မှတ်စေချင်တာကြောင့်..

ယိပေါ်ဟာ လူတွေနဲ့ စကားအများကြီး ပြောစရာမလိုတဲ့ Website ဆွဲတဲ့အပိုင်းကို တာဝန်ယူရတယ်။
customer နဲ့ စကားပြောစရာမလို. ခိုင်းတဲ့ ရုံးချုပ်မှာ ခိုင်းသလို ဆွဲပေးလိုက်ရုံပဲ.

သူ့အတွက် အများကြီး အဆင်ပြေတယ်.

ဒီတောအတွင်း ထူးခြားတာဆိုလို့ ပြီးခဲ့တဲ့ နှစ်က ဖေဖေဆုံးတာပဲ ရှိမယ်။ မေမေက ဖေဖေမရှိတော့တဲ့နောက် Kurashiki ကို ပြန်တယ်.
ဖေဖေမရှိတဲ့ Nakano မှာ မနေချင်တာ သိသာပါတယ်။

ပြောလို့မရတာကြောင့်..

မေမေနဲ့အတူ စိတ်ချရမယ့် အကူတစ်ယောက်ငှားပြီး Kurashiki ကို ပြန်ပို့ပေးခဲ့ရတယ်.
အလုပ်တွေ မအားတာမို့ သူ တစ်လတစ်ခါပဲ အိမ်ပြန်နိုင်တော့တယ်..

Kurashiki ကို မေမေကို ပြန်ပို့တဲ့ တစ်ခေါက်ပဲ ရောက်တယ်.

မပြန်တာကြာပြီ ဖြစ်တဲ့ Kurashiki ကတော့ အရင်အတိုင်းပါပဲ..
ဂျပန်ရဲ့ လျှို့ဝှက် ဂူပေါက်လေးလိုမျိုး မပြောင်းမလဲ စိမ်းညို့နေတုန်းပဲ..

နောက်ပြီး..

သော့ပိတ်ထားတဲ့ အိမ်လေး တစ်လုံးကလည်း
အရင်အတိုင်း အရာမယွင်း ရှိနေတုန်းပဲ..

အိမ်ပိုင်ရှင်တွေတော့ ဘယ်ဆီရောက်နေမှန်း သူလည်း မသိခဲ့ပါဘူး.

Ren's Untitled Story [一战]Where stories live. Discover now