(Suggest song- Chisana koi no uta
on Chapter XIX)" ဆက်ပြောပြလေ ဖိုးဖိုး..
အဲ့ဒီ ကိုကိုက အခုဘယ်ရောက်သွားပြီလဲ "Ren က သက်ပြင်းဖွဖွ ချတယ် ။
" 12 နာရီထိုးနေပြီလေ Rumi "
" ခဏလေးပါပဲ ရသေးတယ်.. "
" နေ့လည်စာ မစားရသေးဘူးမလား..
သွားစားလိုက်ဦး "" ဟာ.. ဖိုးဖိုးကလည်း ခဏလေးပဲကို.
ဆက်ပြောပြပါ.. "Rumi က အလျှော့ပေးမယ့် ပုံမပေါ်။ မပြောမချင်း ပြန်မှာမဟုတ်တော့ သူကပဲ တစ်ထစ်လျှော့ရတယ်။
" အသက်ကြီးတဲ့သူတွေက ဘာလို့ ဆုံးတာလဲ
အကြောင်းပြချက် ရှိမလား Rumi ရဲ့.. ဒီလိုပဲပေါ့"Rumi က အံသြသွားသလို.. ။
" အဲ့ဒါဆို သူက အခု ဆုံးသွားပြီပေါ့..
ဟုတ်လား ဖိုးဖိုး "" အင်း.. "
" အယ်.. ဆောရီး.. "
Rumi က သူ့နှုတ်ခမ်းလေးကို လက်နဲ့ အုပ်ထားတယ်။ မပြောသင့်တာကို ပြောမိသွားသလို ပုံစံနဲ့ ။
" ရပါတယ်.. သွား အခု အိမ်ပြန်ပြီး နေ့လည်စာ စားတော့ "
Rumi က သိပ်တော့ ကျေနပ်ပုံမပေါ်။ နောက်နေ့ကျ သေချာပြောပြရမယ် ဆိုပြီး စရန်သတ်ခဲ့သေးတယ်..
တကယ် မလွယ်တဲ့ ကလေးမလေးပဲ..
သူ ပင့်သက်တစ်ချက် ရှိုက်လိုက်တယ်။
'ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေတည်း..' ဆိုတာက ပုံပြင်တွေရဲ့ ပျော်စရာ အဆုံးသတ်ဆို သူနဲ့ ကိုကို ပိုင်ဆိုင်ခဲ့ရတာ ပျော်စရာ အဆုံးသတ်ပဲ ဖြစ်လိမ့်မယ်..
_
အိမ်ထောင်သက် (၁ဝ) နှစ်.. ။
သူတို့ရဲ့ အိမ်ထောင်သက် (၁ဝ) နှစ်မှာ ကိုကို ဆုံးတယ်..
ချောင်းဆိုးတာက ပုံမှန်မဟုတ်မှန်း သတိထားမိခဲ့ပေမယ့် အချိန်က နောက်ကျသွားခဲ့သေးတယ် ။
ဒါတောင် ကိုကိုက ဘာမှမဖြစ်ဘူး လုပ်နေသေးတာ. သူက လိုတာတွေထည့်၊ ကိုကို့ကို လက်ဆွဲပြီး Nakano ကို တန်းပြေးတော့တာပဲ.. ။
ဒီက ဆေးရုံတွေမှာတောင် မပြနိုင်ဘူး။
ပစ္စည်းမစုံလင်မှာ စိုးတာမို့..