Chapter III (U)

7.9K 841 5
                                    

ဒီနေ့က တနင်္ဂနွေနေ့ ။ တိတိကျကျ ပြောရရင် အထက်တန်း ပထမနှစ် ပြီးသွားတဲ့ ကျောင်းပိတ်ရက်တွေထဲက တနင်္ဂနွေနေ့ တစ်နေ့ ...

ယိပေါ် အိမ်ရှေ့မှာ တကုပ်ကုပ်နဲ့ .. ။

ယိပေါ်တို့ မိသားစုဟာ သမီး မိန်းကလေး မရှိတဲ့အတွက် ယိပေါ် ကိုယ့်အဝတ်ကိုယ် လျှော် ရတယ်၊ လှမ်းရတယ် .. ။

ယိပေါ် ခါလိုက်တဲ့ ကျောင်းဝတ်စုံ ဆီက ဆပ်ပြာနံ့လေးတွေက သင်းခနဲ .. ။

အဝတ်တွေကို ကြိုးတန်းမှာ ချိတ်နေတုန်းမှာပဲ .. ရှောင်းကျန့်က စာအုပ် (၂) အုပ်ပိုက်ပြီး ယိပေါ်ဆီ ရောက်ချလာခဲ့တယ် ..

" ဟာ .. ကိုကို "

ကိုကိုက ပြုံးပြတယ် ..

" ယိပေါ် .. မအားဘူးလား ကိုကို စာအုပ် သွားအပ်ချင်လို့ လိုက်ခဲ့ခိုင်းမလို့ကို .. "

" အားတယ် အားတယ်
ခဏပဲ စောင့် "

ကိုကိုက ယိပေါ်နဲ့ တူတူအဝတ်တွေ ကူလှမ်း ပေးတယ် ။

အဝတ်စတွေ ကြားထဲက လှစ်ခနဲ လှစ်ခနဲ မြင်ရတဲ့ ကိုကို့ မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီက သိပ်လှတာပဲ .. ။

" ရပြီ ကိုကို .. ထားခဲ့လိုက်တော့ "

ကိုကိုက ခွက်ထဲက အဝတ်ညှစ်ထားတဲ့ ရေလက်ကျန်တွေကို မြက်ပင်တွေပေါ် လောင်းချလိုက်တယ် .. ။

__

တရုတ်လိုနဲ့ ဂျပန်လို လုံးထွေးပြီး ပြောချင်သလို ပြောနေတဲ့ ယိပေါ်တို့ကို လမ်းသွားလမ်းလာ တချို့က ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြတယ် ..

ယိပေါ်တို့ အချင်းချင်းတော့ နားလည်နေကြတာပါပဲ .. ။

ကိုကို ငှားတဲ့ စာအုပ်ဆိုင် ရောက်ဖို့ အဝေးကြီး လျှောက်ရတယ်.
မညီညာတဲ့ Kurashiki ရဲ့ မြေမျက်နှာ အနေအထားကြောင့် လှေကားထစ်တွေလည်း အများကြီး ဆင်းရတယ် .. ။

လမ်းလျှောက်ရမှာလည်း အပျင်းတစ်တဲ့ ယိပေါ်ဟာ ကိုကိုနဲ့ တူတူဆိုတဲ့ အသိနဲ့တင် ညောင်း တယ်မထင်ပဲ နွေးထွေးနေခဲ့တယ် ..
Kurashiki တစ်မြို့လုံး ပေါ်ဖြာကျနေတဲ့ နေရောင်ထက်ပေါ့ ... ။

Ren's Untitled Story [一战]Where stories live. Discover now