Chapter XI(U)

5.8K 742 10
                                    


သူ ဓာတ်ပုံတွေကို စားပွဲပေါ် ပစ်တင်လိုက်တယ်။

ဒီတစ်ပတ်အတွင်း ငိုနေမိတာ အကြိမ်ရေ မရေမတွက်နိုင်တော့ဘူး ။ ဒါဟာလည်း မရေမတွက်နိုင်တဲ့ အကြိမ်ရေတွေထဲက တစ်ခု..

စာကြည့်စားပွဲရဲ့ လေးခုမြောက် အံဆွဲဟာ သူ့အတွက် သေမိန့်တွေပဲ ဖြစ်တယ်.

အထက်တန်းတုန်းက စက္ကူခေါက်လေးပေါ်မှာ ကိုကို ဆွဲပေးခဲ့တဲ့ သူ့ပုံတူ. ကိုကို့ ကင်မရာလေးထဲက ထုတ်ပြီး ပေးလာခဲ့တဲ့ ဓာတ်ပုံတွေ..

ကိုင်ထားမိတာက စွတ်ပြုတ်သောက်နေတဲ့ ကိုကိုကို့ သူ အသည်းအသန် လိုက်စနေလို့ စူပုပ်ကောက်နေတဲ့ပုံ .

နောက်တစ်ပုံက ကင်မရာကို ပြောင်းပြန်ကိုင်ပြီး ကိုယ့်ဘက်ကို ပြန်ရိုက်ရတာမို့ လက်မငြိမ်ပဲ ဝါးတူးနေတဲ့ပုံ.. အဲဒီ့ ဝါးတူးနေတဲ့ ပုံထဲမှာတောင် နှစ်ယောက်လုံးရဲ့ အပြုံးတွေကလတ်ဆတ်နေတာပဲ..

သူ ပြုံးလိုက်မိတော့ မျက်လုံးအိမ်တွေကျဉ်းမြောင်းသွားတဲ့အခါ ဝေ့သီနေတဲ့ မျက်ရည်ပေါက်တွေက တလိမ့်လိမ့်ကျဆင်းသွားပြန်တယ်..

သူက ကိုယ့်ကိုယ်ကို ညှင်းဆဲရတာ ကြိုက်မိနေတာလား ။ အခုလည်း စိတ်မထိန်းနိုင်ပဲ အံဆွဲကို ထပ်တစ်ခါ ပြန်ဖွင့်မိတယ်.

ကိုကို ပေးခဲ့သမျှဟာ ဒါပါပဲ..
အမှတ်တရ ဓာတ်ပုံတွေရယ်..
ကြောင်တစ်ကောင်ရယ်..

နောက်ပြီး..
ဒဏ်ရာတွေရယ်...

ဒီတစ်ခေါက်တော့ ကိုကိုက တိတ်တိတ်လေး ပျောက်သွားတာ မဟုတ်တော့ဘူး။
သူ့ကို အသိပေးပြီးမှ ထားသွားခဲ့တာ..

ကျွန်တော် သတိရမိတိုင်း ကိုကို အဆင်ပြေပါစေ..

အခုနေမှာ သူ ဘယ်ဘုရားကို တိုင်တည်ရမလဲ.
ဘယ်ဆုကို တောင်းရမလဲ. 

ဘယ်လိုအဆိုးတွေက စောင့်ကြိုနေမလဲဆိုတာ မသိတဲ့ ကိုကို အဆင်ပြေဖို့ ထက်လေ..

သူ နာကျင်နေရတာတောင် ကိုကိုက အဆင်ပြေနေမှ ဖြစ်မှာ. ကိုကို့ကို သေးသေးလေးတောင် အထိခိုက်မခံစေချင်ဘူး ။ အဲဒါကြောင့်လည်း လက်လွှတ်ပေးခဲ့တာ. ကိုကို့ရဲ့ အသက်အန္တရာယ် ဆိုတဲ့ စကားလုံးနဲ့တင်..

Ren's Untitled Story [一战]Where stories live. Discover now