Chapter XIV (U)

6K 714 20
                                    

(Suggest song - Paper cuts)

ကိုကိုဟာ သူ့ဆီ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ဖူးတယ်.
ဒါပေမယ့် အခေါက်တိုင်း ပြိုလဲကျိုးပျက်နေတဲ့ အခြေအနေနဲ့။

ပထမဆုံး ရန်ပွဲက စလို့ ။

ကွဲအက်တော့မယ့် ဖန်ပုလင်းလေးဟာ အခုဆို တစ်စစီ ကျိုးပျက်သွားခဲ့သလိုပဲ..

လက်လွှတ်ပေးခဲ့တာ ဒီလိုအခြေအနေနဲ့  ပြန်မြင်ရဖို့မှ မဟုတ်တာ ။

ကုတင်ပေါ်က အိပ်နေတာလား မေ့နေတာလား မသဲကွဲတဲ့ ကိုကို့ကို ငေးကြည့်နေခဲ့မိတာ.. အကြာကြီး...

အဆင်မပြေရင်တောင် ဒီလိုအခြေအနေနဲ့ တွေ့ရမယ်လို့ သူ ယောင်လို့တောင် မစဉ်းစားခဲ့မိဖူးဘူး..

ဝဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ခတ်ပြီး ပုတ်ချလိုက်ရတယ်..

ကိုကို့ကို ကားထဲပွေ့တော့ အရင်က ခန္ဓာကိုယ် သေးသေးလေးက ပေါ့ရွှတ်နေတာမှ စက္ကူစလေးလိုပဲ.

သူ့တိုက်ခန်းကို ခေါ်လာတဲ့ လမ်းတစ်လျှောက်လုံး ဘေးခုံမှာ ခွေခေါက်နေတဲ့ ကိုကို့ကို (၁၀) ခေါက်ထက် မနည်း ကြည့်ခဲ့မိမှာ သေချာတယ်..

ထပ်ဝေ့ဝဲလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ပြီး ကိုကို့မျက်နှာနဲ့ လက်က ဒဏ်ရာတွေကို ဆေးထည့်ပေးဖို့ ပြင်ဆင်လိုက်တယ်..

ဘယ်အရွယ်ပဲ ရောက်နေနေ.. သူက ကိုကိုနဲ့ တွေ့ရင် မရင့်ကျက်နိုင်သေးဘူး.

ဆေးထည့်ပေးလိုက်၊ အနာကပ် ပလာစတာ ကပ်လိုက်၊ ကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ သုတ်လိုက်..

အပြင်မှာ ကျနေတဲ့ နှင်းတွေက သူ့ရင်ထဲကအပူကို နည်းနည်းလေးတောင် မဖုံးပေးနိုင်ဘူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပြင်မှာ ကျနေတဲ့ နှင်းတွေက သူ့ရင်ထဲကအပူကို နည်းနည်းလေးတောင် မဖုံးပေးနိုင်ဘူး..

Ren's Untitled Story [一战]Where stories live. Discover now