( Song suggest: Aitowa
Chapter I မှာ ရှိပါတယ် .. )ယိပေါ်ဟာ အတန်းထဲမှာကလွဲလို့ သူငယ်ချင်း တွေနဲ့ သိပ်မပေါင်းမိတော့ သလောက်ပဲ ..
ဂိမ်းဆိုင်သွားမယ်ဆိုတိုင်း၊ ရေကူးမယ်ဆိုတိုင်း ..
ယိပေါ်ရဲ့ ကိစ္စတွေဟာ အမြဲပဲ များမြောင်နေခဲ့တယ် ..
ခုဆို ယိပေါ်ကို ခေါ်ချင်ရင် ညဘက်သွားခေါ်မှပဲ ရတော့တယ် ..ကိုကို့မှာရော သူငယ်ချင်း မရှိလို့လား သေချာမသိပေမယ့် ယိပေါ်ကတော့ သူငယ်ချင်း တွေနဲ့ ကုန်ဆုံးမယ့် အချိန်တွေကို ကိုကို့ကို ဖဲ့ပေးနေခဲ့တာ သိသာတယ် .
ယိပေါ် ကိုကို့ကို သူသူငယ်ချင်းတွေနဲ့ တစ်ခါ မိတ်ဆက်ပေးဖူးတယ် ..
ကိုကိုက ခပ်ပြုံးပြုံးပဲ ..သူတို့ နောက်ကွယ်မှာ ကိုကိုက အဲ့လို လူတွေအများကြီးနဲ့ ခင်ရတာ မကြိုက်ဘူးလို့ ဖွင့်ပြောတော့မှ ယိပေါ် သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့ ကိစ္စကို ရပ်ခဲ့ရတယ် ..
ယိပေါ် တစ်ချက်သမ်းလိုက်တယ် . ဒီနေ့က နေသာတဲ့ တနင်္လာနေ့ ။ အမှတ်စာရင်း Report card တွေ ရမယ် ။ ဒါပဲ ..
ပျင်းစရာကြီး ..
ခုံပေါ်ကို ပျင်းရိပျင်းတွဲနဲ့ မှောက်ချပြီး စားပွဲခုံမှာ လျှောက်ခြစ်နေလိုက်တယ်.
" ဟျောင့် ငါ့ဘက်မှာ လျှောက်မရေးနဲ့နော် .. "
ယိပေါ် .. Kenta ကို စိတ်ပျက်သလို ကြည့်လိုက်တယ်.
ဘာလဲဟ .. သူပိုင်တာလဲ မဟုတ်ပဲနဲ့ ။
" Ohayōgozaimasu sensei .. "
အတန်းပိုင် ဝင်လာပြီ ... ။
" Ren .. အဆင့် ၄၀ .. "
အဆင့်လိုက်အတိုင်း အော်ပြီးဝေတဲ့ report card က ယိပေါ် အလှည့်ရောက်လာခဲ့တယ် ..
" တော်လိုက်တဲ့ Ren .. "
စပ်ဖြဲဖြဲ Kenta အသံ ...
" နေစမ်းကွာ .. ၃၀ ထဲ မဝင်ရင် မေမေက ညဘက်တွေ အပြင်မလွှတ်တော့ဘူးတဲ့ .. "
" ဘာကြီးလဲ ... အလယ်တန်းကျောင်းသားလေး ကျနေတာပဲ .. "
Seji က ဝင်ပြောတယ် ..