( Suggest song - Aitowa )
အိပ်ပျော်သွားတဲ့ ကိုကို့ကို ကုတင်ပေါ် အသာချလို့ စောင်ခြုံပေးပြီး အခန်း တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်တယ် ။
ကုတင်ဘေးမှာ စာကြည့်စားပွဲတစ်လုံးရယ်၊ ပန်းချီကား တစ်ချို့ရယ်။ အခန်း ခြေရင်းမှာတော့ ပိတ်စနဲ့ အုပ်ထားတဲ့ ပန်းချီကားချပ်တွေရယ်..
ကိုကို ဆွဲထားတာပဲ ဖြစ်မယ်. ထုံးစံအတိုင်းပါပဲ.. ပန်းချီကားတင်တဲ့ ထောက်တိုင်အောက်မှာ အရင်က တွေ့ခဲ့ဖူးတဲ့ ကြောင်အဝါလေး လှဲအိပ်နေတယ်.
အရင်လို ပြည့်ပြည့်ဖြိုးဖြိုး မရှိတော့ဘူး ။ တော်တော် ပိန်ကျသွားတယ် ။လျှောက်သွားပြီး ပိတ်စကို ဆွဲချလိုက်တော့ ကိုကို့ ပန်းချီတွေ.. ။ မှိုင်းပျနေတာ အရင်ကတွေ့ခဲ့တာထက်တောင် ပိုပြီး..
သူ ကြည့်ချင်စိတ် မရှိတော့ဘူး .
ဘေးမှာ ပီယာနို board တစ်ခု။ အဲ့ဒီဘေးမှာတော့ ကတ်စက်တင်ထားတဲ့ စင်လေးတစ်လုံးရယ်၊ ပြန့်ကျဲနေတဲ့ တိပ်ခွေတွေရယ်။
တိပ်ခွေ တစ်ခွေကို ကောက်ကိုင်ပြီး ကတ်ဆတ်ထဲ ထည့်လိုက်တော့ Radwhimps ရဲ့ Is there anything still love can do က ဖြေးဖြေးချင်း ပျံ့လွင့်လာတယ်။
ကိုကိုက အဲ့လို သီချင်းတွေပဲ နားထောင်နေကျ ။
အိပ်ပျော်နေတဲ့ ကိုကို နိုးသွားမှာစိုးလို့ အခွေကိုပြန်ထုတ်လိုက်ရတယ် ။
နောက်ပြီး..
ဘေးက စန္ဒယားခလုတ်တွေကို လက်ညိုးနဲ့ ခပ်ဖွဖွ ထိလိုက်တယ်.သူ အသက်အောင့်ထားခဲ့မိသလားတောင် မသေချာဘူး။ အိပ်ပျော်နေတဲ့ ကိုကို နိုးသွားမှာစိုးလို့ ။
နိုးလာရင် ထပ်ငိုနေရင် ငိုနေဦးမှာ.. ။
သူ ကို့ကို့ဘေးမှာ အသံမထွက်အောင် သတိထားပြီး ထိုင်ချလိုက်တယ် ။ ဆံပင်ကို ခပ်ဖွဖွသပ်ပေးချင်ပေမယ့် နိုးသွားမှာစိုးလို့ မလှုပ်ရဲခဲ့ဘူး..
ငိုရတာ ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ ကိုကို့ကို ညတိုင်း ကိုကိုဝင်သွားပြီး မီးလင်းလာတဲ့အခန်းရှိရာကို မှန်းပြီး ပွေ့ချီလာခဲ့တာ..
![](https://img.wattpad.com/cover/203931950-288-k986118.jpg)