(Suggest song - ai ni dekiru koto wa mada aru kai )
ဒါဟာ ဒီလအတွင်းမှာ ကိုကိုနဲ့ တွေ့တာ ငါးကြိမ်မြောက်..
ပြန်တွေ့ကြပြီးနောက်မှာ ယိပေါ် ကိုကို့ကို နေရမခက်စေချင်ဘူး ။
သူ ကိုကို့ရဲ့ ထွက်ပေါက်လေး ဖြစ်ပေးချင်ခဲ့တယ် ။ဆယ်ကျော်သက်လေး မဟုတ်တော့တဲ့ ယိပေါ်ဟာ ကိုကို့ကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ပြီ ။
ကိုကိုက ပန်းချီကားတွေကို စိတ်ဝင်တစား ကြည့်နေတယ်။
လူတစ်ယောက်ဟာ စိတ်ဝင်စားတဲ့အရာကို လုပ်နေတဲ့အချိန်က အလှဆုံးပဲတဲ့ ။ ဟုတ်မဟုတ်တော့ မသိပေမယ့် သူ့ရှေ့က ကိုကိုက ပုံမှန်ထက် ပိုအေးချမ်းနေခဲ့သလိုပဲ...
ယိပေါ် ပန်းချီတွေကို နားမလည်ပါဘူး. ဒါပေမယ့် သူ့ရှေ့က ပန်းချီတွေထဲ နစ်မြောနေတဲ့လူကိုတော့ နားလည်ခဲ့တယ် ထင်ပါတယ်..
ယိပေါ် အိတ်ကပ်ထဲက ခလုတ်နှိပ် ဖုန်းလေးကို ထုတ်ပြီး ကိုကို့ ပုံရိပ်ကို အမိအရ ရိုက်ယူလိုက်တယ်။
ဂျင်းပန်အပြာ၊ အဝါမကျ လိမ္မော်မကျ ရှပ်အင်္ကျီလေးနဲ့ စုတ်ချက်တွေကို အသေးစိတ် ကြည့် နေတဲ့ ကိုကိုက သူ့အတွက်တော့ ဒီတစ်ခန်းလုံးက ပန်းချီကားတွေထက် အဆများစွာ ပိုပြီးလှနေခဲ့ပါတယ် ။
အင်း... အသက်ဝင်နေတဲ့ ပန်းချီကားလေးပေါ့ ။
ကိုကိုက ပန်းချီတွေကို ငေးတယ်၊ သူက ကိုကို့ကို ငေးတယ်။ အချိန်အတန်ကြာတော့မှ ပြပွဲထဲကနေ ထွက်လာခဲ့ကြတယ်.
ကိုကိုက အရောင်စပ်ပုံတွေ အကြောင်းရှင်းပြတယ်။ နောက်ပြီး ပန်းချီကား တစ်ကားစီအပေါ်မှာ ထားတဲ့ သူ့အမြင်တွေ..
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/203931950-288-k986118.jpg)