နွေဦးရဲ့ ရောင်ခြည်က ခပ်ဖျော့ဖျော့..။
Kurashiki ရဲ့ လေထုက ကြိုဆိုနေသလို နွေးနွေးထွေးထွေး ။
အရင်နဲ့မတူတာက ကားရပ်ထားတဲ့ အိမ်လေးတွေ များလာတယ်၊ တိုက်အမြင့်လေးတွေ များလာတယ် ။
နောက်ပြီး..လှေကားစိပ်စိပ်လေးတွေထက် ကားသွားပါများလို့ ဖြောင့်ဖြူးနေတဲ့ လမ်းလေးတွေလည်း ပိုများလာတယ်..
နွေးထွေးနေတာကတော့ အရင်အတိုင်းပဲ.
" မေမေ.. "
" ...... "
မေမေ့ မျက်နှာက ခန့်မှန်းရခက်နေတယ်။ အသက်ကြီးလာပေမယ့် မေမေက အရင်လို နူးညံ့နေတုန်း၊ ခံစားချက်တွေ မပေါ်အောင် ဖုံးဖိနိုင်နေတုန်း..
" နောင်တမရမှာ သေချာလား ယိပေါ် "
တကယ်တော့ အဲ့ဒီမေးခွန်းတွေကို သူဖြေစရာ မလိုခဲ့ပါဘူး ။ ဒီအခြေအနေထိ ရောက်နေခဲ့ပြီပဲ..
ကိုကို့လက်ကို ဆွဲပြီး မေမေ့ရှေ့တောင် ရောက်လာခဲ့ပြီးပြီပဲ ။
ကိုကိုဟာ အိမ်ကို ခေါ်လာဖူးတဲ့ တစ်ယောက်တည်းသော သူစိမ်း.. ။ အရင်ကရော အခုရော..
မေမေက အဲ့လောက် မအပါဘူး။ အရင်က ရိပ်မိနေတဲ့ အခြေအနေကို အခု အတည်ပြုလိုက်ရုံ..။
" သေချာတယ်ဆိုလုပ်..
မင်း ဆုံးဖြတ်ချက်ကို နောင်တမရဘူးဆိုရင် အဆင်ပြေပါတယ်။
ယိပေါ်က ဒီအရွယ်တောင် ရောက်နေခဲ့ပြီပဲ.. "မေမေက သက်ပြင်းဖွဖွချပြီး သူ့ဆံပင်တွေကို နှဖူးပေါ် သပ်တင်ပေးရင်း ခပ်တိုးတိုးပြောတယ်..
ငယ်ငယ်က သူ basketball ဆော့ပြီး ရှုံးလို့ စူပုတ်ပြီး ပြန်လာတိုင်း နှစ်သိမ့်ပေးတဲ့ အပြုံးမျိုးနဲ့.. ။ကျေးဇူးတင်ရပါတယ်..
တကယ်ပဲ ကျေးဇူးတင်ရပါတယ်...
_
" ယိပေါ်? "
ကိုကိုက ရှောင်းဖန်ကို ကလိနေရင်းက သူဆင်းလာတာတွေ့တော့ စိတ်လှုပ်ရှားနေသလို ချက်ချင်း မော့ကြည့်တယ်..
ရှောင်းဖန်က ချက်ချင်း ကိုကို့လက်ထဲက ဆင်းပြေးသွားတော့တာပဲ..
ကိုကို့ကို မမှတ်မိဘူး ထင်တယ် ။