" Ren ဘာဖြစ်လို့လဲ "
ဌာနမှူးက နားမလည်သလို ထပ်မေးတယ် ။
" ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စ ကြောင့်ပါ"
အလုပ်ဖြုတ်ရင်လည်း ဖြုတ်ပစေတော့ ဆိုပြီး ပြောချလိုက်တယ်. အလုပ်က ပြန်ရှာလို့ ရတယ် ။ ဒီရက်တွေတော့ ခွင့်ယူပြီး အိမ်မှာနေမှ ဖြစ်မှာ..
ဌာနမှူးဟာ ဆုံးဖြတ်ရခက်တဲ့ ပုံပေါက်နေတယ်..
ယိပေါ်က လက်လွတ်မခံသင့်တဲ့ သူ ဖြစ်တာရယ်၊ တစ်လ ဆိုတဲ့ ခွင့်ရက်က များလွန်းတာရယ်ကြောင့်..ဒါပေမယ့် သဘောကောင်းလွန်းတဲ့ ဌာနမှူးက..
နောက်ဆုံးတော့ ခေါင်းငြိမ့်ခဲ့ပါတယ်.
တစ်လထက် ကျော်ရင်တော့ မလာတော့ဖို့အကြောင်း ပြောရင်းပေါ့.." ကျွန်တော် နားလည်ပါပြီ "
တကယ်တော့ အလုပ်ထွက်ရရင်တောင် လောလောဆယ်မှာ သူ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။
သူ ဘာကိုမှလည်း ဂရုမစိုက်နိုင်ပါဘူး ..လူတစ်ယောက်ကလွဲလို့ .. ။
အဲဒီ့လူရောက်လာရင် ဘာကိုမှ ဂရုမစိုက်နိုင်တော့တာ အရင်တည်းက ..
အထက်တန်းတုန်းက သူငယ်ချင်းတွေ....
အချိန်တွေ...
အလုပ်တွေ..
နောက်ဆုံး ..အက်ရာ ဗရဗွနဲ့ သူ့နှလုံးသား အထိ ..
သူ ခေါင်းထဲမှာတော့ ကိုကိုဆီ အမြန်ပြန်ဖို့ပဲ စိတ်စောနေတာကလွဲလို့ ဘာကိုမှ တွေးမိပုံမရခဲ့ ။
_
" ကိုကို သေချာပြီနော် "
ကိုကိုက ခေါင်းငြိမ့်ပြတယ်. နည်းနည်းလည်း စိတ်လှုပ်ရှားနေပုံပဲ.
သူ ဆုပ်ကိုင်မိတဲ့ ကိုကို့လက်တွေက ချွေးစေးတွေနဲ့ အေးစက်နေတာပဲ ။
" ကိုကို ဆရာဝန်ကို ဖုန်းပြန်ဆက်ချင်ရသေး- "
" မဆက်ဘူး ရတယ် "
ကြောက်နေတဲ့တိုင်အောင် ကိုကို့မျက်လုံးတွေက ပြတ်သားနေခဲ့တယ်.
သူ ခေါင်းငြိမ့်ပြီး အားပေးတဲ့အနေနဲ့ ဆုပ်ထားတဲ့ လက်ကိုတစ်ချက်ညစ်လိုက်တယ် ။