ကောင်းကင်မှာ ကြယ်ရောင်တွေ စုံနေတယ်.
လမ်းမပေါ်မှာ ကား တစ်စီး၊ နှစ်စီး ဖြတ်ပြေးသွားကြတယ်။
လမ်းမီးတိုင်တွေက လင်းနေသလို၊ လကလည်း ထိန်နေတာပဲ.. ။
ဒီညမှ ပိုသာသလားတော့ မပြောတတ်ဘူး .. ။ဆိုင်နဲ့ မလှမ်းမကမ်း ခုံတန်းလေးမှာ ထိုင်နေတဲ့ သူတို့နှစ်ယောက်အပေါ် လေအေးအေးလေး တစ်ချက် ဝေ့သွားတယ် ။
သက်ပြင်းချသံတစ်ချက် ။
" နေကောင်းလား ယိပေါ် "
ကိုကို့ အသံက ဖြေးဖြေးချင်း သူ့နားထဲ ရိုက်ခတ်လာတယ်။
နှစ်နှစ်ကျော် မတွေ့ခဲ့ရတဲ့ လူကို ဘယ်ကနေ စကားစ ပြောရမှန်း ကိုကို ရွေးရခက်နေတယ် ထင်တယ် ။
ကိုကို့ နှုတ်ခမ်းထောင့်က မှဲ့နက်လေးက ပိုထင်းလာတယ် ။
နောက်ပြီး.. ပုံမှန်ထက် ညိုနေတဲ့ နှုတ်ခမ်းတွေနဲ့ မသိမသာ ချိုင့်ဝင်နေတဲ့ မျက်တွင်းတွေ.. ။ဒီ အတောအတွင်း ဘာတွေကြုံတွေ့ခဲ့ရသေးတာလဲ ။
" ကောင်းတယ်၊ ကိုကိုရော.. "
သူလည်း အူကြောင်ကြောင် အဖြေကိုပဲ ရွေးခဲ့တယ်.
ကိုကို ထွက်သွားတုန်းက ပြန်တွေ့ရင် ဘာပြောမယ်၊ ဘယ်လိုလုပ်မယ် ဆိုတာတွေ မပြတ် စဉ်းစားထားခဲ့ပေမယ့် နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ယိပေါ် မမှတ်မိတော့ပါဘူး ။
" အင်း..
မင်း ဒီဆံပင်အရောင်နဲ့ ပိုလိုက်တယ် "ကိုကိုက သူ့ရဲ့ အဖြူနဲ့ ငွေရောင်စပ်ထားတဲ့ ဆံပင်တွေကို ကြည့်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောတယ် ။