နှလုံးသားချင်း နီးကြစို့ <3
အပိုင်း (၁)''တကယ်လား အဖေ့. .
''အေး . . .မသွားချင်ဘူးလား. . .
''ဟီး. . သွားချင်တာပေါ့ အဖေ . ကလဲ . .ဘယ်လိုမေးလိုက်ပါလိမ့်. .
''မသိပါဘူး အဖေ တွေ အမေတွေနဲ့ မခွဲဖူးတော့ မသွားချင်ဘူးလားလို့. .
''အဖေ တို့နဲ့တော့ ဘယ်ခွဲချင်ပါ့မလဲ ဒါပေမယ့် ကြွယ်က ကျောင်းသွားတက်မှာလေ. . .
''အေး ပါ . .ငါ့သမီး ငြင်းရင်တော့ အဖေ က အတင်းမသွာခိုင်းပဲနီးတဲ့နေရာပဲတက်ခိုင်းမလို့. . မငြင်းတော့ ပိုကောင်းတာပေါ့. .
''ကြွယ် . .က ဘယ်မှာနေရမှာလဲ အဖေ့. . .
''အဖေ တို့မိတ်ဆွေတွေ အိမ်မှာ နေရမှာ သူတို့ကလဲ လာနေ ဖို့ခေါ်နေတာ သမီး ကို. . .
''သူများအိမ်ကြီးမှာ. .
''သမီးအတွက်တစ်အိမ် သီးသန့်စီစဉ်ပေးဖို့ကျတော့ အဖေတို့သမီးတစ်ယောက်ထဲစိတ်မချဘူး ပြီးတော့ ခုချက်ခြင်းကြီးလဲမရဘူး. . အဖေ အိမ် စုံစမ်းနေတယ် ရ တာ နဲ့ ဒီက သမီးအဒေါ်တစ်ယောက်ကို လွှတ်ပြီး အဖေ စီစဉ်ပေးမယ်. . အခု ခနတော့ သမီး အဖေ မိတ်ဆွေတွေဆီမှာနေရမှာပေါ့. .
''ခန ဆိုရင်တော့ ရပါတယ်. .
''သမီး စီစဉ်စရာ တောတွေ စီစဉ်ထား. .ကျောင်းက သူတို့လိုက်အပ်ပေးမှာ. . . မပူနဲ့. .
''ဟုတ်. . .
လှသွေးကြွယ် အရမ်းကိုပျော်မိပါသည်။ရန်ကုန်မှာကျောင်းသွားတက်ရမည်တဲ့. .သူမ ထင်ခဲ့သည်က အနီးက မြို့မှာပဲတက်ရမည်ဟုထင်နေခဲ့တာ. . ,ဘာပဲဖြစ်ဖြစ် ကြွယ် အိမ်မက်တွေ အကောင်အထည်ဖော်လို့ရတာပေါ့. . . . . ဒီလိုနဲ့ ရက်အတန် ငယ်ကြာပြီးနောက် ကြွယ် ရန်ကုန်သွားဖို့စီစဉ်ရတော့သည်။
''မတင့် နင့် သမီး ဘာလိုသေးလဲ ထည့်လျှို ပေးလိုက်ဦး. . .
''ထည့်နေပါတယ် ရှင့်သမီး က . . . ကျုပ်ထပ်တောင် စေ့စပ်သေးတယ်. . .
တောသူ တောသားဆတွ ပီပီ ဘာလေး ဖြစ်ဖြစ် တစ်ခုခု ထူးခြားပြီဆို အဲ့ ဒီအိမ်မှာ အစုလိုက်အပြုံလိုက်. . .