နှလုံး သားချင်း နီးကြစို့❤️အပိုင်း (၆)
''လှသွေးကြွယ်. . ဟုတ်လား. . အဟတ်. . . ဘယ်နေရာတွေလှပြီး ဘယ်နေရာတွေ ကြွယ်နေလို့လဲ. . .
''ဟုတ်ပါ့ နာမည်ကလဲ မတန်မရာ. . .
''ပုံတုံးမ တောသူမ. . . .
ကြွယ်အနောက်မှ တျောက်လျှောက်ပြောပြီး ပါလာသည့် ဆောင်းဟေမာန်တို့အဖွဲ့ ဘလိုင်းကြီး ရန်လာစနေသည်သာ. . ကြွယ် ကမကြောက်တက်ပေမယ့် သူမတို့အဖွဲ့နှင့်တော့ ရန်မဖြစ်ချင်ပါ. . .
''ဟဲ့ ကောက်လာစိုက်တာလား နေရာ မှားနေတယ်. . .
''အေးဟယ် တောကြို အုံကြားကလာမှန်းသိသာလိုက်တာ မြို့လယ် မှာ ကျောင်းလာတက်တာ သူမို့ ဒီပုံစံနဲ့. . . ဆံပင်က မြင်းမှီး လို ဖွာစုပ်စုပ် နီကြောင်ကြောင်နဲ့. . . ပါး ကသနပ်ခါးက ကျောက်ပြင်ပေါ်ချော်လဲလာတာလားမှတ်ရတယ်. . . .
''ဒီမှာ. . . .
ရန်မဖြစ်ချင်လို့ငြိမ်နေတာကို အဟုတ်ထင်နေကြသည်သာ. .
ကြွယ်ခြေလှမ်းကို ရပ်ပြီး ဆက်ခနဲ ပြန်လှည့်လိုက်သဖြင့် ဆောင်းဟေမာန်တို့အဖွဲ့လဲ ရပ်သွားသည်''ဘာလို့ ရန်လာစနေတာလဲ. . . . ကို့ အထာ နဲ့ ကိုနေကြပါလား. .
''အောင်မလေး တောသူမက များ အထာတွေ ဘာတွေ လာသုံးပြနေသေးတယ်. . .
''နင်တို့အဖွဲ့ သည်းခံနေတာကို လွန်မလာနဲ့နော်. . .. . ငါပါငါ တောက လာတော့ရော နင်တို့ ဘာတွေ ထောက်ပံနေရလို့လဲ. . . ငါပါငါ တောပုံမကလို့ ဘာပုံဖြစ်ဖြစ် နင်တို့အပူ တစ်ပြာစသားမှ မပါဘူး . . . . ပြီးတော့ ငါက နင်တို့အဖွဲ့ကိုကြောက်တဲ့ သွယ်သွယ်မွန် မဟုတ်ဘူး ငါ့နာမည် မသိရင်မှတ်ထား လှသွေးကြွယ်. . . . ဘယ်သူကို မှ ကိုဘက်က စပြီး ရန်မစဘူး. . . . အေး. . နင်တို့ဘက်ကရန်စတာမျာစပြီနော်. . . ဒါနောက်ဆုံး သတိပေးတာ. . ငါ့ကိုထပ်ပြီးမနှောင့်ယှက်ပါနဲ့ . . နင်တို့ ခေါ်တဲ့ တောသူမအကြောင်းကောင်းကောင်းသိသွားမယ်. . . နင်တို့ အဖွဲ့လိုက်မက လို တစ်ကျောင်းလုံးဆိုလဲ ငါမကြောက်ဘူး. . ထပ်ပြောမယ် အစထဲကကြောက်တက်ရင် ငါတစ်ယောက်ထဲ ဒီလို ဆွေမရှိ မျိုးမရှိ နေရာ မှာ တစ်ယောက်ထဲ လာမနေဘူး. . ငါ့အကြောင်းသိချင်ရင်. . နောက်တစ်ခါထပ်စကြည့်လိုက်. . .