နှလုံးသားချင်းနီး ကြစို့💜အပိုင်း(၈ )
ဒီနိူင်း အရမ်းကို ဒေါသထွက်နေသလောက် ကြွယ်ကတော့ ဘယ်လိုမှ မနေ. . . ညနေဘက်ရောက်တော့ စောင့်နေကြနေရာမှာ လှသွေးကြွယ်က ကြိုရောက်နေ၏
"မြန်မြန်တက်. .
တစ်ခါ မှပျော့ပြောင်းခြင်းမရှိသော ဒီနိူင်းရဲ့လေသံ. . .
''ဟုတ်ကဲ့ ကိုကို. . . .
ကြွယ် ကားပေါ်ရောက်သည်နှင့် ကား ကလ်ှစ်ခနဲပြေးထွက်သွားတော့သည် . . . .အိမ်ကိုမရောက်ခင် မှာပဲ ကားက ထိုးရပ်သွားပြီး. .
''ဒါက ဘယ်လို ဖြစ်တာလဲ. . .
''ရှင်. . ဘာဖြစ်လို့လဲ. . . .
ဘာမှမသိသည့်ဟန်ဖြင့် ဟန်ဆောင်နေသဖြင့် ဒီနိူင်းပို ဒေါသထွက်လာသည်
''အခုမှ မသိချင်ဟန်ဆောင်မနေနဲ့. . . တစ်ကျောင်းလုံးနီးပါးသိအောင်ဘယ်လိုဖောက်သည်ချလိုက်တာလဲ. .
ကြွယ် ကိုကို ဘာတွေပြောနေတာလဲ ဆိုတာနားမလည်
''ကြွယ်. . .ကိုကို ဘာပြောမှန်းနားမလည်ဘူး. . .
''ဒီလောက်ဟိုးလေးတကြော်ကြော်ပြောနေကြတာ မင်းနားကန်းနေလား မင်းမျက်စိမူံနေလား. . .ငါပြောပြီးသား အစထဲက ငါအိမ်မှာနေတာ မသိပါစေနဲ့လို. . .ခု တစ်ကျောင်းလုံးနီးပါသိကုန်ပြီ. .
''သိလဲ ဘာဖြစ်လို့လဲ ကိုကို ရယ် . .
''ဘာဖြစ်ရမှာလဲ ငါ့သိင်္က္ခာ ထိခိုက်တယ်. . သူတို့ဘာတွေပြောနေကြလဲ မင်းမကြားဘူးလား မင်းနဲ့ငါနဲ့ ကတိတ်တိတ် ပုန်းပဲ ယူထားတော့သလိုလို တွဲနေတော့သလိုလို. .
''အဲ့တာတွေက ဟုတ်မှ မဟုတ်တာ ကိုကို ရယ် . . .သူတို့ပြောချင်တာပြောပါစေ အချိန်တန် မောရင် ရပ်သွားမှာပေါ့ . . . ကို့တွေ ဘက်က ရိုးသားတာ ကိုတွေ ပဲသိတာပဲ ဟာ သူတို့ပြောနေလို့ ကြွယ် တို့တွေ အလုံးရော အရပ်ရော လျှော့သွားတာမှ မဟုတ်တာ. . ဘာမှလဲမထိခိုက်ဘူး. .
''ဘာ. . မထိခိုက်ဘူး ဟုတ်လား. . ဒီလိုအခြေအနေတွေ ကြိုမြင်ခဲ့လို့ ငါ ငြင်းခဲ့တာ မင်းကိုကျောင်းကိုနခေါ်ဖို့ ဒါတောင်မင်းက ငါ့အိမ်မှာ ကပ်ဖဲ့နေ နေသေးတာပဲ. . . မင်းအတွက် မထိခိုက်ပေမယ့် ငါ က မင်းလို တောကြို အုံကြားက မဟုတ်ဘူး မော်ဒယ် တစ်ယောက်. . မော်ဒယ်ဆိုတာ ဘာလဲ မင်းလို ဇနပုဒ်ကလာတဲ့လူတွေအတွက်ရင်းနှီးမှာ မဟုတ်ဘူး. . . ရှင်းရှင်း ပြောမယ် . . . . ငါမင်းလို တောသူမနဲ့ ဘာထင်ညာထင် အထင်မခံနိုင်ဘူး. . . ကြားတယ်နော် ငါပြောတာ. . .မနက်ကျရင်ငါ့နည်းငါ့ဟန်နဲ့အားလုံးဖြေရှင်းမယ် မနက်ကျ မင်းလမ်းမင်းလျှောက်. . . ငါ့ကားနဲ့လိုက်ဖို့စိတ်မကူးနဲ့တော့. . .