နွလုံးသားခ်င္းနီးႀကစို့❤

2.1K 79 0
                                    


နှလုံးသားချင်းနီးကြစို့❤

                     အပိုင်း (၁၅)

မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို. .
ချစ်နေတဲ့အချိန်မှာတော့. . .
အဲ့ ဒီယောင်္ကျားအတွက် ဘာမဆို. . .
ပေးဆပ်ဖို့ ဝန်မလေးတက်ကြဘူး. . .
သူ့ကို ဘယ်လောက်ဂရုမစိုက်နေပါစေ. .
အဲ့ ဒီယောင်္ကျားကိုကျောခိုင်းသွားမှမဟုတ်ဘူး. .   
သူ့ကို ဘယ်လောက်ပဲ စိပ်နာအောင် လုပ်လုပ်. .  
အဲ့ ဒီယောင်္ကျားဆီကနေထွက်ခွာသွားမှမဟုတ်ဘူး. .    

ဒါပေမယ့်

သူ အဲ့ ဒီယောင်္ကျားနဲ့ပတ်သတ်သမျှ အရာရာကို
ဥပေက္ခာ ပြုလိုက်ပြီဆိုရင် လျစ်လျူရူလိုက်ပြီဆိုရင်. . .

''ဘယ်တော့မှပြန်လှည့်ကြည့်တော့မှာမဟုတ်ဘူး. . . .

သူမဘယ်လောက်ပဲ အရင်က  ချစ် ခဲ့ ချစ် ခဲ့. . .
သူမရဲ့  စိပ်မှာ အနာ တရဖြစ်သွားတဲ့ တစ်နေ့ အဲ့ဒီလူကို လက်တုန့်ပြန်ဖို့ဝန်မလေးဘူး. . . .
ဘယ်အရာမဆို ဘယ်လောက်ထိခတ်ခဲပါစေ သူမ မလုပ်ရဲတာမရှိတော့. . . .

လှသွေးကြွယ်. . . . သူမ. . .

ဟိုး အရင်က ချစ်လို့သည်းခံခဲတာမှန်ပေမယ့် အရာရာတိုင်းက သူမ ဘဝအတွက် အမှတ်တရ. . .

စကားလုံးတိုင်းက ရေးချထားစရာ မလိုပဲ သူမ   နှလုံးသားထဲမှာအပြည့်. . . . , .

''ကြွယ်. .  . နင်ဘာတွေလုပ်နေတာလဲ. . .

''နင်တို့ video ကြည့်ပြီးပြီ မဟုတ်လား. . . .

''ကြည့်ပြီးပြီ အဲ့တာကြောင့် မေးနေတာ. . . 

''သိပြီးသားကို ထပ်မေးနေသေးတယ်. . .

''မဟုတ်ဘူးလေ. . နင်ပြောလိုက်တာတွေက အမှန်တွေမှမဟုတ်တာ. . . . .

''ဒါပေမယ့်တော်တော်များများ ကတော့ ယုံကြည် ကြတယ် . . . ဟူတ်တယ် မို့လား. . .

''ယုံကြည်တာ မယုံကြည်တာထက် နင်လုပ်လိုက်တာ အဓိပ္ပါယ် မရှိဘူးနော် ကြွယ်. . .

''ငါ့အတွက် တော့ အဓိပ္ပါယ် ရှိတယ်  . . .

''အဲ့လိုကြီး မလုပ်သင့်ပါဘူး ကြွယ်  ရယ် နင်ဘာလို့အဲ့ ဒီပုံစံဖြစ်သွားရတာလဲ. . .

နှလုံးသားခြင်းနီးကြစို့Where stories live. Discover now