
3.9K 90 0
                                    


နှလုံးသားချင်း နီးကြစို့ <3

             အပိုင်း (၂)

''သဲ. . .

''ဟင်. . ဘာပြောမလို့လဲ . .D. . .

ဒီနိူင်း ခေါ်လိုက် တော့ သဲစုက ဖုန်းကို ကြည့်နေရင်းကနေ  ဒီနိုင်းမျက်နှာကို မော့ကြည့်လာသည်

''D. . ကိုချစ်လား. . .

''ချစ်တာပေါ့. . . . မေးဖို့ လိုလို့လား. . .

ဒီနိုင်း မေးသမျှ သဲစု ကဖြေနေသည်

''အဲ့တာ ဆို . . D ကို ပါးရိုက်ပါလား. . .

''ဟာ. . မရိုက်ရက်ပါဘူး ဒီမျက်နှာလေးကို. . .

သဲစု က ဒီနိုင်း မေး ကို ကိုင်လျှက် ဆွဲလူပ်ပြီး ပြောလိုက်သည်
ဒီနိုင်း ဆိုတာ ယခု တက်သစ်စ မော်ဒယ်တစ်ယောက်  နူတ်ခမ်းနီ မလေးတွေရဲ့ အသဲစွဲ ဖြစ်လာမည့်သူ ယခုတောင် ကောင်မလေး တိုင်းက ဒီနိုင်းနဲ့ ရင်းနှီးချင်ကြသည် . . သဲစု  အတွက် ဒီနိုင်း နှင့် ချစ်သူ ဖြစ်ခွင့် ရလို့ပျော်လို့တောင်မဆုံးသေး. . .

''ရိုက်ပါ. . D. . က ရိုက်ခိုင်းတဲ့ဟာ. . ချစ်တယ်ဆို. . .

''ချစ်တယ်လေ. . ဒါပေမယ့် ဘလိုင်းကြီး ရိုက်ရမှာ. . .

''ဒါဆို မရိုက်ဘူးပေါ့. . .

''အင်း မရိုက်ရက်ပါဘူး ဆို . . D. ကလဲ. .

''လမ်းခွဲရအောင်. . .

''ဟင်. . .!!ဘာပြောလိုက်တယ်. . .

''လမ်းခွဲရအောင်လို့ပြောတာ ပျင်းဖို့ကောင်းတယ်. . .

''ပျင်းဖို့ကောင်းတယ် ဟုတ်လား. . .

''ဟုတ်တယ် မင်း က ပျင်းစရာကောင်းတယ်. . .

''ဒီနိူင်းက ဘယ်လိုကြီးလဲ. . . သဲ တို့ တွဲလာတာ ခုမှ ၂ပတ်ပဲရှိသေးတာ. . . . .

''ဒီလိုပဲ. . .

''တောက်. . ဒီနိုင်း . . . .  ကြားထားတဲအတိုင်းက အတည်ပေါ့ . . .

''မင်း ဘာတွေ ကြားထားလဲတော့မသိဘူး but ခုတော့ မင်းနဲ့ ငါ ပြီးပြီနော်. . .

ပြောပြီး ဒီနိုင်း လှည့်အထွက် သူ လက်ကို အနောက်ကဆွဲထားလိုက်ပြီး

''နေပါဦး. . . တောင်းဆိုတာ ကို ဖြည့်စဉ်းပေး မလို့ . . .

''ဖြန်း. . . .

နှလုံးသားခြင်းနီးကြစို့Dove le storie prendono vita. Scoprilo ora