နှလုံးသားချင်းနီးကြစို့❤အပိုင်း (၁၁)
"ဘာ. . သူက . . ပထမ ရတာဟုတ်လား. . .
''မဖြစ်နိုင်တာ နင်တို့ သီတင်း မှားရလာတာပဲ. .
''ဘယ်က မှားရမှာလဲ. . videoတွေရော ဓာတ်ပုံတွေ ရော facebook မှာတင်ထားတဲ့ဟာ. . ဒီမှာကြည့်. . .
''ပြစမ်း. . .
ဆောင်းဟေမာန်တို့အဖွဲ့ ခေါင်းချင်းဆိုင်ပြီး ဖုန်းတစ်လုံးထဲကိုပြူးပြဲကြည့်နေကြသည်
ကြည့်အပြီးမှာတော့ တအံတသြဖြင့်''ဒီတောသူမ က ဒါဆို သက်သက် ထွင်နေတာပေါ့. . တောသူပုံစံ. .
''ဟုတ်မယ် ဟုတ်မယ်. .လူတွေသတိထားမိအောင်လေ. . .
''မဖြစ်နိုင်ဘူး ဟ သူက အစထဲက ဝါသနာ သီးသန့်ပါတာဖြစ်မယ်. .
'''ဟဲ့ သိလား ဒီတစ်ခါ ထပ်ရွှေး ခံရ ရင် သူ က miss ဖြစ်တော့မှာသိလား. .
''miss ဖြစ်တော့ ဘာဖြစ်လဲ. .
''အေးလေ ဘာ မစ် လဲ ကော်ဖီမစ်လား. . .
''ငါပြောတာက သူ နိုင်ငံခြားထိရောက်နိုင်ပြီး အောင်မြင်နိုင်တယ်လို့ပြောတာ. .
''အောင်မလေးဟယ် ကျက်ကန်းဆန်အိုးတိုးတာနေမှာပါ ဒီလောက်လဲ မလှပါဘူး ဟေမာန် လောက်လှနေရင် မပြောသေးဘူး တောသူမ ဘယ်လောက်ထိ ပြင်ထားလဲမှမသိတာ. . .
သူမတို့တွေ ပြောတာပြောနေရပေမယ့်မိန်းကလေးခြင်းတောင် အားကျမိသည် အမြဲ သနပ်ခါးတွေ ထူပိန်းနေအောင်လိမ်းထားသည့်အတွက် မျက်နှာက အစက်အပျောက်မရှိ မိတ်ကပ်အနည်းငယ်တင်ထားရုံဖြင့် ပုလဲလို ဝင်းနှစ်လို့နေသည် အတိုအပြတ် တစ်ခါမှဝတ်မထားသဖြင့် ယခုမှ စဝတ်တော့ ပေါင်သားတွေ ဖွေး လျှက် ခြေသလုံး လှလှလေးကလဲ အထင်းသား. . .တစ်ခါမှစီးတာမမြင်ဖူးသည့် ၂လက်မ ဒေါက်အချွန်ကိုစီးထားပြီး လျှောက်လှမ်းသည့်ခြေလှမ်းတိုင်းကလဲတက်ကြွလှပလျှက်ကြွမ်းကျင်စွာ. . . .
သိပ်မကြာခင် လှသွေးကြွယ် က ကျောင်းရောက်လာသည် အရင်လို ပိန်းပတ်အောင်လိမ်းထားတာ မဟုတ်ပေမယ့်ပါးကွပ်ကျား နှင့်ပင်