နှလုံးသားချင်းနီးကြစို့💚အပိုင်း (၂၀)ဇတ်သိမ်း ပထမပိုင်း
"ကျေးဇူးပါ ကြွယ်. . .
''ဘာကိုလဲ ကိုကို. .
''ခု လို သေသေချာချာ ရှင်းပြပေးလို့ပေါ့. .
''အဲ့လိုမပြောပါနဲ့ ကိုကို ကလဲ သူစိမ်းတွေမှ မဟုတ်တာ . . .
''သူစိမ်းတွေ မဟုတ်ဘူးပေါ့ ဟုတ်လား. . အဲ့တာဆိုဘာတွေလဲ. . ?. .
ဒီနိူင်း ကရယ် ဟဟ ဖြင့် မေး လာသည်
ကြွယ် က မျက်စောင်းဖတ် ခနဲ ထိုစလိုက်ရင်း. .''ကိုကိုနော် စလာပြီ. .
''ဟင်. . ဘာစလို့လဲ. . . ကိုတို့က ဘာတွေလဲလို့မေးတဲ့ဟာ. .
ကြွယ် က လင်မယားတွေလို့ သုံးရမှာ အမြဲရှက်တက်သူ. . .
''ကိုကို က ကြွယ် ယောင်္ကျားလေ အဲ့တာ သူစိမ်းမှ မဟုတ်တာ. . .
''လူ လည်မလေး စကားကိုရအောင်ကွေ့ပတ်ပြောတယ်. .
ဒီနိူင်းက ကြွယ်ကို ဆွဲဖတ်လိုက်ရင်းပြောသည်
''ကိုကို . . ဟို ၂ ယောက် နည်းနည်းတော့လန့်သွားမယ်ထင်တယ်နော်. . . . .
ကြွယ်က ဖတ်ထားရင်း ကိုကို ကိုယ် မော့ကြည့်မေးလိုက်သည်
''ဒါပေါ့ ဟော ဒီက ကျူပ် ဇနီးချော ကြွယ် ရဲ့အပြောမှာ ခုလောက်ဆို နေစရာတောင်မရှိတော့လောက်ဘူး ကြောက်ပြီးတော့. . .
''ကိုကို နော် ဒီက အကောင်းပြောနေတဲ့ဟာ. .
''ကိုလဲ ဘာပြောမိလို့လဲ. . . .
''နောက်တီးနောက်တောက်နဲ့ တကယ်ပဲ. . . .
ကြွယ် က ဒါသထွက်သလို စူပုတ်ပုတ်ဖြင့်. . .
''ကြည့် ကြည့် မျက်နှာ က ချက်ချင်း. . . ကဲကွာ. . အဲ့တာ စူပုတ်နေဦး. . . . . .
''အ. . နာတယ်. . . ကိုကိုနော် ဧည့်ခန်းကြီးမှာ အမ ထွက်လာရင် မြင်သွားရင်မကောင်းဘူး . . . .
ဒီနိူင်းက ကြွယ်နူတ်ခမ်းကို ငုံ ပြီးကိုက်လိုက်တော့ ကြွယ်က ထအော်သည် . . . .
ဘာအကျင့်မှန်းမသိ ကိုကို က ကြွယ် ကို အသဲယား တိုင် နူတ်ခမ်းကို ခနခန ကိုက်သည်. . ကြွယ်နာလို့အော်မှ ပြန်လွတ်ပေးသည်. .