
2.1K 73 0
                                    


နှလုံးသားချင်းနီးကြစို့❤

          အပိုင်း (၁၃)

စူးကနဲ မျက်လုံးထဲ ဝင်လာသည့် နေ ရဲ့အလင်းရောင်ကြောင့် ကြွယ် အိပ်ယာက နိုးသွားခဲ့သည်
နိုးသွားသည်နှင့် ထထိုင်လိုက်တော့ သူမကိုပေါ်မှာ အိမ် မှာ အဖော်ခေါ်ထားသည့်အမ ခြုံပေးထားသည် ထင် စောင်တစ်ထည်ရှိနေပြီး အိပ်နေတာ ဧည့်ခန်းမှာ ဖြစ်နေသည်  ဖျတ်ခနဲ ငါဒီမှာ ဘာလို့အိပ်နေ ပါလိမ့်လို့တွေး လိုက်ပေမယ့် ညက ကိုကို အိမ် ကိုပါလာတာကို သတိရသွားသည်   အကြာကြီး ထိုင်စဉ်းစားမနေတော့ နာရီကောက်ကြည့်လိုက်တော့ နံနက်  ၈နာရီ .  . .
   နေလည် ၁၁ လောက် က စ ပြီး ရူတင် ရှိတာ မို့ ရေချိုးဖို့ အပေါ်တက်လာခဲ့သည် လှေကား ထိပ်ရောက်တော့. .

''အော် နိုးပြီလား ကြွေ . .   ဧည့်ခန်းမှာ ဘာလို့အိပ်နေတာလဲ. . .ညက မူးလာလို့လား. . .

တစ်ခါမှ အရက်မသောက်သည့်ကြွယ်ကို အထူးတဆန်းဖြင့်
အဖော်ခေါ်ထားသည့်အမကမေးလာသည်

''မ မူးပါဘူး ကိုကို မူးတာက သူအိမ်ပြန်ရင် အန်ကယ် သတ်မှာဆိုးလို့ အခန်းထဲအိပ်ခိုင်းပြီး ကြွယ်က အပြင်မှာ အိပ်နေတာ . .

''အမ ကိုတော့လာမနိူး ဘူး အိပ်ယာပြင်ပေးမှာပေါ့. .

''ရပါတယ် တစ်ည တစ်လေ ပဲဟာ. . .

''ဘာစားကြမလဲ ဘာပြင်ပေးရမလဲ. . . .

''ကိုကိုအတွက် သံပရာရည် ဖျော်ပေးနော် သူ ခေါင်းနောက်နေမှာ . .

''ဒီကလေး နဲ့ ခတ်တော့တာပဲ ဦးလေး တာ သိရင် အသတ်ခံရမယ် ငယ်ငယ်ထဲက သူဘယ်အရာမဆို စူးစမ်းချင်တာ ခတ်တာ. . . ဦးကောင်းစံတို့က အလိုတာ လိုက်တာ အရက်တွေဆေးလိပ်တွေသောက်တာ မကြိုက်ဘူး. . . .

ဒီနိူင်းတို့အိမ်မှာနေလာတာကြာပြီမို့ ဒီနိူင်းအကြောင်းလဲကောင်းကောင်းသိနေခဲ့သည်

''ဟုတ်တယ် အမ အဲ့တာကြောင့် ကြွယ်က ဒီမှာ အိပ်ခိုင်းလိုပ်တာ. .

''ဒီနေ့ ရူတင်ရှိလား. .

''အင်း ၁၁  အမ လိုက်မလို့လား . .

''လိုက်မယ် စားစရာတွေသယ်ပြီး. . .
ခုတော့ မနက်စာပြင်ထားလိုက်မယ်နော်. . .

နှလုံးသားခြင်းနီးကြစို့Where stories live. Discover now