နှလုံးသားချင်းနီးကြစို့့်❤
အပိုင်း (၁၇)
မနိုးသေးဘူး အထင်နှင့် ဖတ်တွယ်ထားသည့်လက်တွေ ကို ဖယ်ချလိုက်ရင်း ကြွယ် ထဖို့ လုပ်လိုက်တော့ ဒီနိူင်း က ကြွယ် ကို ပြန်ဆွဲယူ ပြီး တင်းကနဲ ဖတ်ထား ပြန်သည်
''ဟာ. . ဖယ်တော့. . . ထတော့မလို့. . .
''အစောကြီးရှိသေးတယ် ပြန်အိပ် မနေ့ကလဲ တစ်နေကုန်ပင်ပန်းထားပြီးတော့. . .
ဒီနိူင်းက မျက်လုံး မဖွင့်ပဲ ပြောနေသည်
''မအိပ်ဘူး. . ရှင်ပါရှင် အိပ် . . .
''မရဘူး . . .မင်းလဲ မထနဲ့ ဦး. . . .
''ဒီနိူင်း ရှင် ဘယ်လိုဖြစ်နေတာလဲ. .
''ငရဲအိုးထဲ ဇောက်ထိုးကျနေမယ် မင်း . . . . ကို့ထက်အကြီး ကို နာမည် ကိုင်ခေါ်ရလား. . .
''ကျကျ. . . ရှင့်အပူ မပါဘူး. . .
''မပါလို့မရဘူး. . .
''ဘာဖြစ်နေမှန်းကိုမသိဘူး. . .
''စောစော စီးစီး ကွာ နားကို ညည်း နေတာပဲ ပြန်အိပ်ပါဆို. . . ရန်မဖြစ်ချင်သေးဘူး. .
''ရန်ဖြစ် ရအောင် ရှင်ပဲ လုပ်နေတာလေ. . . .
ကြွယ်က ပြောလဲပြော ဒီနိူင်းဖတ်ထားသည့်လက်ကို ဆွဲခွာ လိုက်ပြီးထ ထိုင်လိုက်သည် ကုတင်အောက် ဆင်းမလို့ပဲရှိသေးသည် ဒီနိူင်း က ဆက်ကနဲ ကောက်ထိုင် လာသဖြင့် ကြွယ် လန့်သွားသည် . . ထို ပုံစံကိုကြည့်ပြီး ဒီနိူင်းက ရယ်လျှက် သူ လဲ ကုတင်ပေါ်မှ ဆင်းပြီး ကြွယ် ပါး ကို ဖတ်ခနဲ နမ်းသွားပြန်သည်. . .ဒီလူ ဘာဖြစ်နေမှန်းမသိဘူး အတင်းလိုက်နမ်းနေတာ. . . ရွှံသလို မတူမတန် သလိုပြောပြီး ခုကျ ဘာဖြစ် ရပြန်တာလဲ. . . . အရင် က အနားသွားရင်တောင်ထွက်သွားအော်ထုပ်သည့်လူက ယခု သူမ ကို အတင်းဖတ် အတင်းနမ်း. . . .
ဒီနိူင်း သူနမ်းလိုက်လို့ အံအားသင့်သွားသည့် ကြွယ်ကို ကြည့်၍ သူပြုံးလိုက်မိသည် . . တော်တော် ချစ်ဖို့ကောင်းသည့် ကောင်မလေး . . . ထိလို့ ကိုင်လို့မရ တစ်ချိန်လုံးတွန်းထိုးနေခဲ့သည်သာ. . . ဘယ်အရာမှ မကြည်ဖြူ. . သူက လဲ ဘာမှန်းမသိ အတင်း နမ်းနေရသည်ကို ပျော်ရွှင်နေမိသလို ရင်လဲခုန်မိသည်. . . သူရည်းစားတွေထာခဲ့ပေမယ့် ဒီလောက်ထိနီးနီးကပ်ကပ်မရှိခဲ့ လက်ကိုင်ပခုံးဖတ် အလွန်ဆုံး ပါးနမ်းရုံလောက်မျှသာ. . . .ကြွယ် ဆီကတော့ အရာ အားလုံးကိုလိုချင်မိသည် . . မကြည်ဖြူမှန်းသိရက်နဲ့အတင်းအရယူနေမိသည်. . ဘာအငြိုး အာဂါတမှ မပါ. . . သူရင်ထဲက အတိုင်းပဲဖြူဖြူ စင်စင်. . . .
ကြွယ်က သူလို ရည်းစားတွေ မထားထူးလို့ထင်သည် နမ်းလိုက်သည်နှင့် ချက်ချင်းရှက်သွားပြီးပါးတွေလဲ နီရဲလာသည်. . ထိုပုံစံလေးကိုသူ ပိုမြတ်နိုး မိသည်. . . . . သူမ သူ့အပေါ် ပြုမူ ခဲ့တာတွေ က သူမ မျက်နှာမြင်ရုံနှင့်ပြေပျောက်သွားခဲ့သည်. . . .
ယခု လက်ထပ်ပြီးပေမယ့် သူမရဲ့ fanတွေက သူကိုပိုမုန်းမှာ သေချာပါသည်. . အရယူ ခဲ့တယ်ဆိုပြီးတော့ပေါ့. . . .
ဒါပေမယ့် အရ ယူခဲ့တာ သူမဟုတ်ဘူး ကြွယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြ. . . . . ကြွယ် ကတော့ သူ့စကားအတိုင်း သူအရင်က ပြောခဲ့တာတွေ ကြောင့် သူ့ကို အရယူခဲ့ပေမယ့် ဒီနိူင်းကတော့ ထိုသို့မဟုတ်. . သူမ ဖြစ်ချင်တာကို ဖြည့်စဉ်းပေးလိုက်တာပဲဖြစ်သလို . . သူရဲ့ မသိ စိတ်ထဲမှာ ကြွယ် ရှိနေတာကို သိလိုက်ရသဖြင့်လက်ထပ်ဖို့ကို မငြင်းခဲ့တာ ဖြစ်သည်. . .