
2.1K 88 0
                                    

နှလုံးသားချင်းနီးကြစို့💜

                 အပိုင်း (၇)

"အက်ရှင်. . .

''ဟင်. . . အက်ရှင်ဆိုပါလား. . .

     ကြွယ်ကြားလိုက်ရသည့် အသံကြောင့် သူမ ရဲ့စိတ်ကူး အိမ်က်ထဲက အတိုင်းလွင့်မျောသွားပြီး. . အခြားအကြောင်းအရာတွေကိုခန မေ့လျှော့သွားတော့သည်. .

  ကြွယ် ထိုးချိန်ထားသည့် ကင်မရာတွေရဲ့ အောက်မှာ လှလှပပ လျှောက်လာရင်း ချစ်စရာဟန်မူရာ မျိုးစုံ လုပ်ပြနေလိုက်သည်
ကြွယ်နားထဲမှာ များပြာလှတဲ့ လက်ခုတ်သံတွေနဲ့ အတူ မီးရောင်စုံများတဖြတ်ဖြတ်လက်နေတော့သည်. . . ကြွယ် ရဲ့ ခြေလှမ်းတိုင်းက ယုံကြည်မူအပြည့် . . . လှလှပပ. . .

''ဟာ. .ဘာကြီးလဲ. . . .

''အေးလေ ဘယ်ကရောက်လာတာလဲ. .

''ဘာလဲဟ. .

''ဆွဲထုပ်ကြစမ်း. . .

''ဟိတ်. .မင်းဘယ်သူလဲ. .

''ဟိတ် . .မေးနေတယ်လေ. . .

ကြွယ် မန်ပါပါလျှောက်နေရင်း အသံမာမာတစ်ခုကြောင့်ခြေလှမ်းရပ်သွားပြီး အော်လိုက်သည့်လူကိုကြည့်လိုက်သည်
သူမ ထင်ထားသလို စတိတ်စင်လဲမဟတ်ြသလို မီးရောင်စုံလဲမရှိ ပရိတ်သတ်လဲမရှိ . .ရ်ိုက်ကူးရေးတစခုခု အတွက် ပြင်ဆင်နေကြသည့် ရိုက်ကူးရေးသမားများက သူမ ကိုအထူးတဆန်း ဝိုင်းကြည့်နေကြသည်

''မင်းဘယ်သူလဲ ခီအိမ်ကို ဘယ်လိုရောက်လာတာလဲ. . . .

''ဟို. . ကြွယ်. . .

ကြွယ်ပြောမည့်စကားတွေ ပျောက်သွားသည်
ငါဘာတွေလျှောပ်လုပ်မိပါလိမ့်. . . .
''ဘာတွေ့ဖြစ်နေကြတာလဲ ကြွယ် သမီး အန်တီဆီလာလည်တာလား လာလေ သမီးရဲ့ အန်တီက သမီးလာမယ်ဆိုလို့မျော်နေတာ. .

''အော် အမကြီးနဲ့သိတာလား. .

''အင်းသိတယ်. .လာလေ သမီး. . .

''မသိပါဘူးဗျာ မင်းသမီး အိမ်ထဲဝင်လာလို့ကျွန်တော်တို့ကဆွဲထုပ်တော့မလို့. . .

''လာသမီး ရဲ့ . . . . .

ကြွယ် ဘာစကားမှမပြောနိုင်ပဲ ထိုအန်တီကြီးဆွဲခေါ်သည့်နောက်ပါလာခဲ့သည်
ကြွယ်အနည်းငယ် စိတ်ကူးယဉ်သွားမိတာဖြစ်သည်

နှလုံးသားခြင်းနီးကြစို့Tempat cerita menjadi hidup. Temukan sekarang