
2.9K 89 0
                                    


နှလုံးသားခြင်း နီးကြစို့❤

      အပိုင်း (၃)

ကြွယ် အပေါ်ထပ်သို့ရောက်တော့ ဘယ်ညာ ကြည့်လိုက်ပြီးမှ ဘယ်ဘက် အခြမ်းက အခန်းကို ဆွဲအဖွင့်  . . .

''ဟာ. . .

''အယ်. . . . . sorry. . .

ကြွယ် sorry ပြောပြီးတံခါးကို အမြန်ပြန်ဆွဲပိတ်လိုက်ရသည်. ..

      မြင်လိုက်ရသည့် မြင်ကွင်းက . . ယောင်္ကျားလေး တစ်ယောက် ထိုအခန်းထဲ မှာ  တဘက် တစ်ခု သာ ရှိနေပြီး ကိုပေါ်မှာ အခြားအဝတ်အစားမရှိ. . . .  ထို သဘက်နှင့်ပင့် ခန္ဓာ ကို အနှံကို သုတ်နေသည့်ပုံစံဖြစ်သည်. . . ကြွယ် ရှက်လဲရှက် အားလဲနာသွားမိသည်. . တံခါးဆွဲပိတ်လိုက်ပေမယ့် ဘာပြောရမှန်းမသိ တံခါးရှေ့မှာ ဟိုလျှောက်ဒီလျှောက်ဖြင့် ဂနာ မငြိမ်. . . .

''ထပ်တောင်းပန်လိုက်ရင်ကောင်းမလား. . . ငါကတော့ သေတော့မှာပဲ . . ရောက်ထဲက စလာပြီ. . .

ကြွယ် ခေါက်တုန့်ခေါက်ပြန်အခန်းရှေ့ လျှောက်နေစဉ်မှာပဲ ထိုအခန်းတံခါးက ဖြတ်ခနဲ ထပ်ပွင့်လာပြီးစွပ်ကျယ် နှင့်ဘောင်းဘီအတိုကို ဝတ်ထားသည့် လူ တစ်ယောက်ထွက်လာသည်

''မင်း ဘယ်သူလဲ. . . ဘာလို့ ဒီမှာ ရှိနေတာလဲ. . .

''ဟို . . ကြွယ်က. . .

''မြန်မြန်ပြော. . မင်း သူခိုးလား. . နေ့ခင်းကြောင်တောင် အတင့်ရဲလှချဉ်လား. . .

''မဟုတ်ဘူး . . . ကြွယ် က ခုမှရောက်လာတာ. . .

''ဘယ်ကရောက်လာတာလဲ လူမိလို့ ညာနေတာလား. .

''သူခိုးဆို မှပဲ စောစော ထဲကပြေးမှာပေါ့ စောစောက ကိစ္စတောင်းပန်မလို့ စောင့်နေတာ. . .

''ဘာတွေဖြစ်. . . အယ်. . .

နောက်မှ အပြေးတက်လာသည့် မြမြက လှေကားထိပ်မှဘ၂ယောက်ကို  မြင်ပြီး စကားရှေ့မဆက်တော့. . .

''သူက ဘယ်သူ လဲ. .

''နယ်က ရောက်လာမယ်ဆိုတဲ့ တစ်ယောက်လေ. . . ခု သူပါသူရောက်လာတာ. . .

''မသိပါဘူး. . သူခိုးမှတ်လို့. . .

''အယ်. . .

နှလုံးသားခြင်းနီးကြစို့Where stories live. Discover now