နှလုံးသားချင်းနီးကြစို့အပိုင်း(၂၀)ဇတ်သိမ်း ဒုတိယပိုင်း
တစ်ယောက်ထဲရင်ဆိုင်နိုင်မည်ဟု ထင်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ပိုမိုဆိုးရွား လာခဲ့သည်. . .
ဇွဲ ညီ က စိတ်မပူ ဖို့နှင့် သူရအောင်ဖြေရှင်းပေးမည်ဟုပြောပေမယ့် ကြွယ် ကြာကြာ သီးမခံနိုင်ခဲ့ . . .
လူတွေအားလုံးရဲ့အဝေးကို ပြေးထွက်သွားချင်မိသည်. .
ကိုကို ကလဲ ပိုလို့အထင်လွဲလာမှာ သိတာပေါ့. . .
ဒါပေမယ့် ကိုကို. . ကြွယ် ဘဝ မှာ ကိုကို တစ်ယောက်ထဲကိုပဲ ချစ်ခဲဖူးတာပါ. . . .
အခြားတစ်ယောက်ဆိုတာ ဟိုတုန်းကလဲ မရှိသလို ခုလဲမရှိပါဘူး. . .
အဲ့တာကို ကိုကို က ဘာလို့ မသိရတာလဲ. . .
နားလည်မပေးရတာလဲ. . .
အခြားသူတွေထက် ကိုကိုရဲ့ အမုန်း ကို ခံရတာ သူမ ပို ရင်နာမိသည်. .
ကိုကို အဲ့လောက်ထိ ကြွယ်ကို အထင်သေးခဲ့တာလား. .
အင်းပေါ့လေ အစထဲက ကြွယ်ကို သူမှအထင်မကြီး ခဲ့တာ. . . .
ကြွယ် က ကိုကို အထင်ကြီး ယုံကြည်ရလောက်တဲ့ မိန်းမ မဟုတ်ခဲ့ဘူးလေ. . .
ပြီးတော့ ကြွယ် ကတာ ကိုကို ကိုယ် အစထဲကချစ်ခဲ့တာ အရယူခဲ့တာ ဒါပေမယ်. . . . . . .ကိုကို နူတ်ဖျားက ချစ်တယ်ဆိုတဲ့ စကားကို . . တစ်ခါမှ မကြားခဲရဖူး. . . ကြွယ် ကအရယူခဲ့တာ မို့ ချော်လဲရောထိုင် ကြင်နာပြခဲ့တာ. . ကြွယ် ကသာ တစ်ဖတ်သတ် စိပ်ကူး ယဉ်နေခဲ့တာပဲ. . တကယ်အရးကြုံလာတော့ ကိုကို က ကြွယ်အနားမှာ မရှိတော့ သလို နားလည် မပေး. . . တစ်ပတ်ကြာ အိမ်မှာနေခဲ့ပေမယ့် ကိုကို က သူမကို စကာစလဲမပြော ရှောင်နေခဲ့သည်. . ညဘက်အိပ်ရင်လဲ. . . ဧည့်ခန်းမှာ ဖြစ်သလို အိပ်နေခဲ့သည်. . ကိုကို ကြွယ်ကို တကယ်ရွှံမုန်း မုန်းနေပြီပေါ့ နော် . . . ဟုတ်ပါပြီ ကိုကို ကြွယ် ကိုကို စိတ်ညစ်ပင်ပန်းအောင်ထပ်မလုပ်တော့ပါဘူး. . ကြွယ်ထွက်သွာပါတော့မယ်. . . . .'''ကိုကို. . .
''. . . . . . .
'ကြွယ်ခေါ်ပေမယ့် ဘာစကား မှ ပြန်မပြောခဲ့ မကြားချင်ဟန်ဆောင်နေခဲ့ သည်. .
ကြွယ် ညဘက် အိပ်ထဲကို အကျီင်္ အချို့ပြစ်ထည့်ပြီး. . နောက်နေ့မနက်အစောကြီးမှာ ရုပ်ဖျတ်လျှက် ဘယ်သူမှ မသိခင် ကားဂိတ်သို့ထွက်လာခဲ့ သည်. . ဦးတည်ချက်က မွေး ရပ်မြေ တောရွှာလေးသို့. . . .