နှလုံးသားချင်း နီးကြစို့💜အပိုင်း (၉)
"အောင်မလေးဟဲ့ ဘယ်သူများလဲလို့. .
''အေးဟဲ့. . . အနောက်ကကြည့်တုန်းကတော့ ဟုတ်တုပ်တုပ် ရှေ့ကကြည့်မှတောသူမ ဖြစ်နေ တယ်. .
''လှမလားလိုပြင်ကြည့်တာပါဟယ် နင်တို့ကလဲ. .
''ခုရော လှသွားလို့လား. .
''တောသူ မက တောသူမပေါ့ . . .
ကြွယ် ကျောင်းကိုရောက်သည်နှင့် အနောက်ကပေါ်လာသည့် စကားသံတွေ. . ချစ်စုဝင်း က ကြွယ်လက်ကိုဆွဲဖြစ်လိုက်ပြီး ထားလိုက်ဆိုသည့်သဘောဖြင့်ခေါင်းပါ ခါပြသေးသည်
လူတွေလဲ တကယ်ပါပဲ ကိုထမင်းကိုစားပြီး သူများအမုန်းခံနေတာ . .
ကြွယ် နဲ့ ဘာရန်ငြိုးမှမရှိ ပဲ ဘလိုင်းကြီး ရန်စနေကြတာ. . .
တစ်ခါတစ်ရံကြွယ် ရွှာ ကိုပဲပြန်ခြင်မိသည်. . .
ရွှာ မှာ ဆို ကြွယ် က သူဌေး သမီး လဲဖြစ်သလို အားလုံးကကြွယ်သဘော. . ကြွယ်အလိုကျ. . .ဒီမှာတော့ ထိုသို့မဟုတ် သူများမျက်နှာ ကြည့်နေရတာဖြစ်သည်. . . ကုန်ကျစရိပ် ထောက်ပံတာလဲ ဦးကောင်းစံတို့က မယူ သဖြင့် ကြွယ် လဲ မနေချင်ပါ. . ဒီကြားထဲ ဒီနိူင်း က လဲ သူမ ကို မကြည်ဖြူ. . .''ဟဲ့ သူများအိမ် ကပ်နေ ရတဲ့သူက အလှတွေပြင်နေလဲ အပိုပါပဲ. . .လှလဲမလှတာ. .
''ဟုတ်ပါ့ဟယ် သူမို့ ပိုက်ဆံအကုန်ခံလို့. .
ကြွယ် အတွေးတွေ လွန်ကြူးလာသည့်စကားသံတွေကြောင့်
''မေးပါရစေဦး. . ငါက နင်တို့ရဲ့ဘာလဲ. . idol လား. .
''ဟားဟားဟား. . မတန်မရာ idolတဲ့ ဆုတောင်းလေ နင့်လိုတောသူမကို idolထားစရာလား. .
''အော် မသိပါဘူး နင်တို့တဖွဲ့လုံး အားယားနေကြတာပဲနော် ငါ့နောက်တကောက်ကောက်လိုက်. . . ငါ့အကြောင်းမကောင်းပြော. .ငါတစ်နေ့ ဘာဝတ်လဲ ဘာပြောင်းလဲ ဘယ်လိုလာလဲစောင့်ကြည့်. .အောင်မလေး နင်တို့အစားငါပင်ပန်းလိုက်တာ. .
''နင်ကိုကြည့်ချင်လို့ကြည့်နေတယ်များမှတ်နေလားတောသူမမို့ကြည့်တာ. . မာန်တက် မနေနဲ့. .