
2.2K 86 0
                                    


နှလုံးသားခြင်းနီးကြစို့ <3

            အပိုင်း (၅)

ဒီနိူင်း ကျောင်းသွားဖို့ကို  အရင်လို တစ်ယောက်ထဲ သွားလို့မရတော့ တောသူမက ကန့်လန့် ကန့်လန့်ပါတော့မည် ဖြစ်သည်. . . ဒီနိူင်း ကားပေါ်မှာ ထိုင်နေတုန်း သိပ်မကြာလိုက် တောသူမ အိမ်ထဲမှ ထွက်လာတော့သည်. . . မြင်နေကျ ပုံစံ အတိုင်း မထူး မခြား ပါတိတ် ဝမ်းဆက်နှင့် ဆံပင်နှစ်ဖတ်ခွဲချ လျှက် ကောက်စိုက်ဆင်းမည့် စတိုင် မျက်နှာ မှာ သနပ် ခါး ပါးကွပ်ကြီး ပြူးပြူးပြဲပြဲနှင့်ပင်. . .

''တက်. . .

ဒီနိူင်းမေးငေါ့ ပြပြီး တက် ဟုပြောလိုက်တော့ သူ့ကို မျက်လုံးပြူးဖြင့်ပြန်ကြည့်နေပြန်သည်

''ဘာကြည့်နေတာလဲ. . တက်လေ အချိန်မရှိဘူး. . . မင်းကိုစောင့်နေရတာ ကြာတယ် နှေးတုပ် နှေးတုပ်နဲ့ . . . .

''ကိုကို. . ဟို. . . ကြွယ် . . ကိုပါကို သွားပါမယ့်. . .

''မင်းကိုခေါ်သွားချင်လွန်းလို့ မဟုတ်ဘူး. . .  'ငါ စကားများတာ မကြိုက်ဘူး ခုတက်. . .

မျက်ထောင်နီ ဖြင့် ပြောတော့ ကြွေ လဲ အနည်းငယ့် လန့်သွားသဖြင့် ကားနောက်ခန်းမှာ ဝင်ထိုင်ပြီး ကုပ်ကုပ်လေး ငြိမ်နေလိုက်သည်
ကြွယ် ကားပေါ်ရောက်သည်နှင့်. . .  .

''ဒီမှာ. . မင်းကို တစ်ခါထဲ ပြောထားမယ်. . . ငါ့ကိုကျောင်းမှာတွေ့ရင် လာမခေါ်နဲ့. . အေး. . ပြီးတော့ မင်းနဲ့ ငါ တစ်အိမ်ထဲ နေတယ် ဆိုတာ ကိုလဲ ဘယ်သူ ကိုမှ မပြောနဲ့. . . . ကြားလား. . ငါပြောတာ. . .

''ဟုတ်ကဲ့. . . ကိုကို. . .

''ဒါနဲ့ မင်းမျက်နှာကြီး အဲ့ ဒီလို လိမ်းထားမှ ဖြစ်မှာလား. . . မင်းကိုမင်းလှတယ်ထင်နေလား. . .

''ဘာဖြစ်လို့လဲ. . ကိုကို. . ကြွယ် က လှ ချင်လို့ လိမ်းတာ မဟုတ်ပါဘူး ကြွယ် အိမ်မှာ ထဲ ကဒီလိုပဲ လိမ်းနေကျမို့ ပါ. . . . ကိုကို မကြိုက်လို့လားဟင်. . .

''ငါ ကြိုက်တာ မကြိုက်တာ အရေး မပါဘူး မင်းပါမင်း ဘယ်လို လိမ်းလိမ်း တစ်ခုပဲ ဒါက ရန်ကုန် မင်းအရင်က နေခဲ့တဲ့ တော မဟုတ်ဘူး. . နောက်ထပ်သတိပေးမယ်. . ငါ တို့အိမ်မှာ မင်းနေတာ ဘယ်သူမှ မသိပါစေနဲ့ ဘယ်သူကိုမှ ပြောမပြပါနဲ့. . .

နှလုံးသားခြင်းနီးကြစို့Where stories live. Discover now