နှလုံးသားခြင်း နီးကြစို့❤အပိုင်း( ၄)
ကြွယ် တစ်ယောက်ထဲ ရပ်နေရင်း ဘယ်ကိုသွားရမှန်းမသိ. . . .
''အန်တီ. . . ကားဂိတ် က ဘယ်နားမှာ လဲဟင်. . .
ကြွယ်လမ်းမှာတွေ့သည် အန်တီတစ်ယောက်ကိုမေးလိုက်သည်
''ဒီလမ်းကနေတည့်တည့် ထွက် ညာ ကိုချိုး အဲ့ ဒီမှာ. . .
''ဟုတ်ကဲ့ ကျေးဇူးနော် အန်တီ. . . . .
''ရပါတယ်. . .သမီး က ရန်ကုန်သူ မဟုတ်ဘူးထင်တယ်. . . .
''ဟုတ်. . . . . နယ် ကနေ ကျောင်းလာတက်တာပါ. . . .
''အော် . . .အေးသမီး သွားလိုက်ဦးမယ်နော်. . .
''ဟုတ်ကဲ့ . . .
အန်တီကြီး နှင့် စကား စ ဖြတ်ပြီး ကြွယ်အပြေးလေးလျှောက်နေမိသည်
ဒီနေ့ နောက်ကျလို့မဖြစ်. . . . ကျောင်းတက်ခါစဖြစ်သလို ဒီနေ့ ပထမဆုံးစတက်သည့်နေ့. . .ကြွယ် ကားဂိတ်ရောက်တော့ လိုင်းကားတိုးမစီးတော့ပဲ တက္ကစီ တစ်စီးကိုတားလိုက်ပြီး အမြန်လာခဲ့သည် ဒါတောင်ကျောင်းခန်းထဲကိုရောက်တော့၅မိနစ်ပဲ လိုတော့သည်. . ကျောင်းခန်းရဲ့ ခုံတွေက ၃ယောက်တစ်တန်း ထိုင်ရတာ ဖြစ်ပြီး အားလုံးက သူ့အတွဲနှင့်သူ ပြည့်နေသည်. . ကြွယ် ကျောင်းခန်းထဲ စဝင်ထဲက အားလုံးရဲ့အကြည့်တွေက ကြွယ်ဆီသို့ရောက်နေသည်. . . . ဘယ်သူကမှ လာထိုင်ငါတို့နဲ့လို့မပြော အထူးတစ်ဆန်း သဖွယ် ကြည့်နေကြသည်. . . . . ထိုစဉ်. . နောက်ဆုံး တန်းမှ ခပ်ဝဝ ကောင်မလေးတစ်ယောက် သူတို့နဲ့ လာထိုင်ဖို့အမူအရာ ပြနေသဖြင့် ကြွယ်ပြုံးပြလိုက်ရင်းအသာတကြည်လျောက်သွားလျှက် ဝင်ထိုင်လိုက်သည်. . . . .
အားလုံရဲ့ မျက်လုံးတွေက ကြွယ်တို့ ၃ယောက်ဆီရောက်လာတော့သည် ကြွယ် မျက်လုံးတွေကို ဂရုစိုက်မနေပဲ ဘေးမှ ၂ယောက်ကို စတင်နူတ်ဆက်လိုက်သည်
''မင်္ဂလာပါနော်. . တွေ့ရတာ ဝမ်းသာပါတယ်. . .
''မင်္ဂလာပါ. . . တို့နာ မည်က ချစ်စုဝင်းပါ. . . .သူ နာမည်က သွယ်သွယ်မွန်တဲ့ . . ဒီနေ့မှမြင်ဖူးတာ. . .