နှလုံးသားချင်းနီးကြစို့❤အပိုင်း (၁၄)
''စာစောင်တွေရမယ်. . .
''သတင်းစာတွေရမယ် . .သတင်းစာတွေ, . . . နာမည်ကျော် မင်းသမီး လှသွေး ကြွယ်နဲ့ သူရဲ့ ချစ်သူ တို့ အကြောင်း အသစ်စက်စက် သတင်းစာတွေ . . . ,
''ဟာ. . လှသွေားကြွယ် ဆိုပဲ. . .
''ဝယ် . .ဝယ် ဖတ်ကြည့်ရအောင်. . .
''ဒီနိူင်း နဲ့တဲ့. . လှသွေးကြွယ် ချစ်သူက ဒီနိူင်း လား. . .
''သူတို့က အမျိုးတွေမဟုတ်ဘူးလား. . .
''ပြောတော့ မိတ်ဆွေတွေဆို. .
''ထင်တော့ထင်သား အစ ထဲက တစ်အိမ်ထဲနေကြတာဆိုတော့. . .
''သူတို့က ညား နေကြတာလား. . ဒါဆို ပရိပ်သတ်ကို လိမ်ထားတာပေါ့. . . . .
''မဟုတ်လောက်ပါဘူး . . သတင်း မှားတွေနေမှာပါ. . .
''သတင်းမှားပဲဖြစ်မှာပါ. .
ဆူညံ ပွက်လော ရိုက်လျှက် . . ဟိုးလေး တကျော်ကျော်ဖြစ်နေသော လှသွေးကြွယ်နှင့် ဒီနိူင်းတို့ရဲ့အကြောင်း. . ထင်မြင်မူပေါင်းစုံဖြင့်. .
''ကြွယ် . . နင်. . .ဘာလုပ်မယ် စိတ်ကူးထားလဲ ဒီတိုင်းထိုင်နေလို့မဖြစ်ဘူး အခြေအနေက ပိုဆိုးလာပြီ. . .
" သတင်းစာရှင်းလင်းပွဲလုပ် ကြွယ် ခုမဟုတ်တာပြောနေကြတာ ငါတို့နင့်ဘေးမှာ ရှိတယ် နင့်ဘက်က အပြည့်အဝ ငြင်းပေးမယ် ထောက်ခံပေးမယ်. .
''ဟင့်အင်း. . မလုပ်ဘူး. . .
''ဘာရယ်. . . .
''သတင်းစာရှင်းလင်းပွဲမလုပ်ဘူး လို့ပြောတာ. . .
''မလုပ်လို့မရဘူး လေ နင့်နာမည်ကို သက်သက်ဖျတ်နေကြတာ. . . . .
နင် မှမဟုတ်တာ ငြိမ်ခံနေတော့မလို့လား. . . .ပြီးတော့ နင်နဲ့ တွဲပြောနေတာ အခြားသူမဟုတ်ဘူး ဒီနိူင်း. .လူရူပ်. . . .''အဲ့တာကြောင့် မို့မလုပ်တာ အခြားသူဆို ငါလုပ်မှာပါ. .
''ငါတို့နားမလည်တော့ဘူး. . ရှင်းပြပါဦး. . . . .
''ငါ သူ့ကို ရအောင်ယူမှာ. . .
''ဟင်. . . . .
''ဟုတ်တယ် ငါ ဒီနိူင်း ကို ယူမယ်. . .