
2.1K 78 0
                                    

နှလုံးသားချင်းနီး ကြ စို့

            အပိုင်း (၁၂)

အချိန် ကာ လတွေက မသိသာပေမယ့်တရွှေ့ရွှေ့ ကုန်ဆုံးနေသည်. .
ကြွယ် အတွက် မအားလပ်နိုင်စွာ ပြေး လွားနေရသလောက် ဒီနိူင်း ကတော့ သူမ ပြောလိုက်မှ ပိုလို့ပင်ရူပ်ပွေလာခဲ့သည်. .
ပရိတ်သတ်က လဲ သရုပ်ဆောင်ကောင်းရင်ပြီးရော အနုပညာအလုပ်တွေလုပ်နေသေးရင်းပြီးရော  ဆိုပြီး ခွင့်လွတ်ကြပေမယ့် ယခုခေတ်အခါ မှာ နေရာတစ်ခု ရဖို့ဆိုတာ မော်ဒယ်တွေအတွက် မလွယ်လှ . . ချောတိုင်းလှတိုင်း းတော်တိုင်းလဲ နာမည်မကြီး နိုင် . . . ဒါတွေကိုကြွယ်က ကြိုတွေး ပြီး သူမက တော့ စိပ်ပူနေခဲ့ပေမယ့် ဒီနိူင်း က မဆင်ခြင် ဒီပုံစံအတိုင်းဆက်သွားမည် ဆိုလျှင် fan တွေပျောက်ပြီး နေရာ ပါရွှေ့သွားနိုင်သည်
ကြွယ်မှာတော့ ရထားသည့်နေရာ ပေးလာသည့်အခွင့်အရေးတိုင်းကို  လက်လွတ်မခံ fanတွေနဲ့ အမြဲတမ်း  ရင်းနှီးမူ ရှိအောင် သူမ ကို ချစ်အောင်အမြဲကြိုးစားနေခဲ့သည်
ထိုကြောင့်လဲ  လှသွေးကြွယ် ကိုဆို ဒါရိုက်တာတိုင်းကကြိုက်သည်
နာမည်ကြီး မင်းသမီး ယွန်းစံအိမ် တင်သည့် မင်းသမီး မို့လဲ လူတိုင်းကလက်ခံကြသည် . . . ကြွယ် အတွက် က စိပ် ပူစရာမလို
ဒီနိူင်း အတွက်ပဲ စိပ်ပူ နေမိသည်

''ဟိုမှာ လေ နောက်တစ်ယောက်တွဲနေပြန်ပြီ. . . ခုတွဲတဲ့တစ်ယောက်က ငါ့ဆီမှာ အမြဲအကျီင်္ အပ်တဲ့တစ်ယောက်ဟ. .

ကြွယ်တို့ အားလုံး ကျောင်းတွေပြီးလို့  သွယ်သွယ်မွန်က လဲ သူ ဝါသနာပါသည်  အကျီင်္ ချူပ်ပညာဖြင့်  နေရာတစ်ခုရနေပြီ ဖြစ်သလို
ချစ်စုဝင်းကလဲ အလှပြင်ဆိုင် ဆိုင်ခွဲတွေပါ ဖွင့်ထားနိုင်ပြီဖြစ်သည်
ကြွယ်ကလဲ သူတို့ရဲ့ ဒိုင်ခံမော်ဒယ် ဒိုင်ခံ ဖောက်သည်ပေါ့. . .
ကြွယ် ရဲ့ အဖေ နဲ့ အမေ ကတော့ တောသူတွေပီပီ ရန်ကုန်မှာ သိပ်မနေနိုင်ကြ  အသက်ရူကြပ်သည်လဟု ပြောပြီး လာလိုက်သွားလိုက်သာရှိသည် ကြွယ်ကတော့ ရန်ကုန်မှာတစ်ယောက်ထဲနေပြီး အဖော်မိန်းကလေးသာရှိသည်

''နင့် ကိုကို ကလဲ ဟယ် လွန်ပါတယ် တစ်ယောက်ပြီးတစ်ယောက်ပဲ. . .

နှလုံးသားခြင်းနီးကြစို့Where stories live. Discover now