နှလုံးသားချင်းနီးကြစို့❤
အပိုင်း (၁၉)
"ကိုကို ထသွားပြီလား. . .
ကြွယ် စိတ်ထဲက တွေးလိုက်ရင်း မျက်လုံးမဖွင့်သေးပဲ ဘေးကို လက်က လိုက်စမ်းလိုက်သည်. . မတွေ့တော့မှ . လက်၂ချောင်းကို အပေါ်ဆန့်ထုပ်ပြီး အပြင်းကျောဆန့်လိုက်သည် ပြီးနောက် လက်ကို ပြန်အချ . . ကြွယ် လက်က အောက်ကျမသွားပဲ. . . . .တစ်ခုခု ပေါ် တင်နေသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ . . . သူမ အိပ်နေပုံကို ချစ်စနိုး ထိုင်ကြည့်နေသည့် ကိုကို ပုခုံး ပေါ်မှာ သူမလက်က. . ရောက်လျှက်. . . ရွှန်းရွှန်းစားစားကြည့်နေသော ကိုကို အကြည့်နှင့် ညက သူမ ဖတ်တွယ်ငိုခဲ့တာကို ပြန်တွေးမိပြီး ရှက်သွားမိလျှက် လက် ကို မြန်မြန် ပြန် နောက်ဆုပ်လိုက်ပြီး စောင်ကို ခေါင်းမှိး ဆွဲခြုံလိုက်သည်. . . . . .
''ဟာ ဘာလုပ်တာလဲ ကြည့်နေတဲ့ ဟာကို . . . .
''မကြည့်နဲ့ရှက်လို့. . .
''ဘာရှက်စရာ ရှိလို့လဲ. . ကို့ယောင်္ကျားပဲဟာ. .
''ဟာ. . ကိုကိုနော် ဘာတွေ လာပြောနေတာလဲ. . သွား. . . .
''မသွားပါဘူး. . . .
ကြွယ် ကာထားသည် စောင် ကို ဆွဲလုံးပြီး ဒီနိူင်းက ကုတင်ထောင့်ကို ကပ်ပြစ်လိုက်သည်. . . . ပြီးနောက် ဖြန့်ချထားသည် ဆံပင် အိအိ လေးတွေကို တယု တယ ကိုင်တွယ်လိုက်ပြီး. . . .
''မင်း အိပ်နေတာ ချစ်ဖို့ကောင်းတယ် အပြစ်ကင်းတဲ့ခလေးလေး အတိုင်းပဲ. . .
ကြွယ် က မျက်နှာကို လက်ဖြင့်အုပ်လိုက်ပြီး ကွယ်ထားပြန်သည်
''မကွယ်ပါနဲ့ဆို. . .
''ဟာ. . ဘာဖြစ်နေတာလဲ. . ကိုကိုနော်. . ဖယ်. . .
ဒီနိူင်းက အတင်းဆွဲယူ နမ်း သဖြင့် တွန်းထုပ်လိုက်ရင်း ကြွယ်ပြောမိသည်
''ညကနဲ့ ကွာပ အတင်းတွန်းထုပ်တာပဲ လူကို. . ညက ကျတော့ ဖတ်ထားတာ လူက အသက်တောင်ရူလို့မရဘူး. . .
ညက သူမ ဖတ်ငိုတာကို ပြန်ပြောလိုက်တော့ ကြွယ် မျက်နှာနီရဲသွားသည်