နှလုံးသားချင်းနီးကြစို့❤အပိုင်း (၁၈)
''ပေါ်လာသေးတယ်နော် မင်းသား. . ဟွန်း မပြောချင်ဘူး. . .
''ဟုတ်ပါ့ကွာ. . . .D. . ရာ ပျောက်နေလိုက်တာ. . .
''မင်းတို့ကလဲကွာ ခုမှ အသစ်စက်စက် မိန်းမ ယူထားတာ ကိူယ်ချင်းမစာကြဘူး. . . . ပြောနေကြတာ ဝဋ်လည်မယ်. . .
Dနိူင်း သူငယ်ချင်းတွေဆီရောက်သည် နှင့် သံစုံတီး ဝိုင်းပမာ. . . .
''မင်းတို့ကလဲ ပြောမယ်ဆိုတာကြီးပဲ. . . . ငါ ဘာဖြစ်နေလဲ မင်းတို့မသိတာလဲမဟုတ်ပဲနဲ့. . .
''ဘာလဲ. . . လှသွေးကြွယ် fanတွေ ကိစ္စလား. .
''ဟုတ်တယ်. . .
''ခုထိမငြိမ်သေးဘူးလား. . .
''ပိုတောင်ဆိုးလာသေးတယ်. . မင်္ဂလာပွဲမှာတုန်းက ပွဲကြောင့်ငြိမ်နေကြတာ ပေမယ့် အခု လုံးဝမကျေနပ်ကြဘူး. . ကြွယ်စကားကြောင့် သူတို့က ငါနဲ့ ကြွယ် ကိုလုံး ဝမကြည်ဖြူကြဘူး. . .
''အလဲ့. . အခေါ်အဝေါ်တွေတောင်ပြောင်လို့ပါလား. . .
''နေပါကွာ ငါတကယ် စိတ်ညစ်နေတယ် မနောက်ချင်သေးဘူး. . .
Dနိူင်းက တကယ် စိတ်ညစ်ညူးသည့်ပုံစံဖြင့်မျက်နှာမကောင်း. .
''ငါတို့က မင်းစိတ်ပြေစေချင်လို့ပါကွာ sorry. . . .
''ခု ဘယ်လိုတွေဖြစ်နေလဲ. . .
''အနုပညာ အစဉ်းအရုံးရောက်သွာပြီ. .
''ဘာ. . .
''ဟာ. . .
အားလုံးက အံအားသင့်လျှက် မယုံနိုင်. . . .
''ငါတို့က မင်းတို့လက်ထပ်ပြီးပြီ ဆိုပြီးတော့ ဘာမှဆက်မဖြစ်နိုင်တော့ဘူးထင်နေတာ. . .
''ဟုတ်တယ်. . .
''ခုက အနုပညာအစဉ်းအရုံးမှာ တိုင်ခံထားရတာ ငါက . . .
ငါ့ အပြုအမူကြောင့် အနုပညာ လောက သားတွေ အရှက်ရစေတယ်ပေါ့. . . .အရေးယူပေးပါ ဘာညာ. . . . စာစောင်တွေများလာတော့ . . ငါကို အစဉ်းအရုံးက ခေါ်တွေ့တယ် ဟုတ်သလားလို့မေးတယ် . . ငါ ငြင်းလို့လဲမရဘူးလေ ငါတို့က ယူထားပြီးနေပြီ. . . မဟုတ်ပါဘူးပြောလဲ မင်းတို့ ဟုတ်လို့ ယူ ထားတာမို့လား ဆိုတာ မျိုးပဲထွက်လာမှာ. . ပြီးတော့ ဓာတ်ပုံတွေက ငါ ရော ကြွယ်ကော ဒီလောက် ကို့ဘဝ ကိုယ်အပိက်ခံပြီး လိုက်ရိုက်ခိုင်းပြီးဖြန့်ပါ့မလား စဉ်းစားကြည့်လေ. . .