နှလုံးသားချင်းနီးကြစို့ ❤
အပိုင်း (၁၀)
ကြွယ်စင်ပေါ်မှာ ရောက်သွားချိန်မှာတော့
''ယခု ပထမဆု ဒုတိယဆု တတိယ ဆု ရွှေး ထားပေမယ့် ဒီ၁၀ယောက်ထဲကနေမှ စကာတင် ပြန်ရွှေးမှာဖြစ်ပြီး စကာတင် သုံးယောက်က Miss ဝင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ် အဲ့တာကြောင့် အခု ဆုမရတဲ့သူတွေလဲ အားမငယ်ပါနဲ့ စိပ်မပျက်ပါနဲ့. .ဆုရတဲ့ လူတွေကလဲ ငါတို့က ဆုရပြီးသားဆိုပြီး ထပ်မကြိုးစားပဲ မနေပါနဲ့ မပေါ့ကြပါနဲ့ . . . နောက်တစ်ပွဲမှာ ပြန်လည်စုံစဉ်းကြမယ်နော် အာလုံးကို ကျေးဇူးတင်ပါတယ်. . .
''ဖျောင်း. .ဖျောင်း. .ဖျောင်း. . .
ဆုကြေးငွေ နှင့် တံဆိတ် ကိုပေးပြီးသည့်နောက်မှာတော့ ဓာတ်ပုံရိုက်ကြ . . ပြိုင်ပွဲဝင်အားလုံး ပြန်စုပြီး ဓာတ်ပုံတစ်ခါရိုက်ကြနှင် ည ၉ နာရီခွဲလောက်မှ ပြီးတော့သည်. .ပွဲပြီးသည်နှင့် ကြွယ်လဲ အတော်ပင်ပန်းနေသလို ဗိုက်လဲ အလွန်ဆာနေပြီဖြစ်သည်
သူမတစ်ယောက်ထဲတော့မဟုတ် အခြားမော်ဒယ်တွေလဲ ထိုနည်းအတိုင်းပင်ဖြစ်သည် ကြွယ်က ပထမ ရတာ မို့လာနူတ်ဆက်သူ များနေသဖြင့် ၁၀နာရီလောက်မှ ပြီးတော့ပြန်ဖို့ လုပ်ကြတော့''D . . မင်း ညီမလေး အိမ်ပြန်ခေါ်သွား လို့ရမလား. . .မမလဲ ဒီနေ့ ပင်ပန်းနေလို့လိုက်ပို့နိုင်မယ်မထင်ဘူး ညလဲနက်နေပြီဆိုတော့လေ. . .
ယွန်းစံအိမ်ရဲ့စကားအဆုံး
''ရတယ် မမယွန်း ကြွယ် တက္ကစီ ငှားပြန်ပါ့မယ်. . .
''ဘယ်ဖြစ်မလဲ ဒီအချိန်ကြီး . . . မိန်းကလေးတစ်ယောက်ထဲ ရန်ကုန်မှာ တက္ကစီ စီးရတာလွယ်တယ်မှတ်လို့လား. . . . D. .နဲ့ လိုက်သွား. .
''ဟို. . မမ. .
''ရတယ်မမ ပြန် နှင့်လေ. . သူ့ကို တစ်ခုခု လိုက်ကျွေးပြီး အိမ်ပြန်ခေါ်သွားလိုက်ပါ့မယ့်. . . .
''အေး ပါ မောင်လေးရယ် . . ကျေးဇူးနော် မမ လဲ နေ့ခင်းက ရူတင်ရှိတော့မနားရဘူး ညနေကြတော့ ဒီ သမီး က မော်ဒယ်မဆ်ိုတော့သမနောက်အမေ ကပါနေရတာ ဟင်းဟင်း. . .