Part 2

8.5K 489 5
                                    

Unicode::

ယနေ့နက်နံတော့ခါတိုင်းနှင့်မတူမြူများဆိုင်းလျှက်ရှိသည်

ခမည်းတော်အခေါ်လွှတ်လိုက်သည်မို့ Xiao Zhan ပိစိတယောက် ညီလာခံနန်းဆောင်ဆီခပ်သွက်သွက်လျှောက်လာသည်
ထို့နောက်ချွဲစိန်လေးကထုံးစံအတိုင်းခပ်ပြုံးပြုံးဖြင့်နှုတ်ဆက်လိုက်သည်

'ခမည်းတော် သားတော်ရောက်ပြီ'

'လာပါဦးကွဲ့သားတော်လေး
မတွေ့ရတဲ့နှစ်ရက်အတွင်း၀တုတ်လာပါလား ပါးလေးတွေကိုဖောင်းလို့ '

ပြောရင်းပင် ချစ်လှစွာသောသားတော်လေးကို ရင်ခွင်ထဲတိုးဖက်ကာ ပါးနှစ်ဖက်ကိုဆွဲညစ်နေသောခမည်းတော်ကြောင့်

'ခမည်းတော်ကလဲ သား ကလေးမဟုတ်တော့ပါဘူးနော်'

Zhan Zhan တစ်ယောက်မျက်နှာဆူပုပ်ကာ ခမည်းတော်ကိုကောက်သွားလေပြီ
Xiao Feng လဲထိုအခါမှပါးလေးကိုလွှတ်လိုက်ကာ

'သားတော်အတွက်ဆရာချောချောလေးရှာထားတယ်ခုလဲသားဆရာနဲ့မိတ်ဆက်ပေးမို့ '

Xiao Zhan သည်ခမည်းတော်ပုလ္လင်ရှိရာသို့ကပျါကယာလာခဲ့ရာ စင်အောက်ဘေးတစ်နေရာတွင်ရပ်နေသော နှင်းကဲ့သို့စင်ကြယ်သည့်အင်္ကျီဖြူလွှလွှကိုဝတ်ဆင်ထားသောတစ်ယောက်သောသူကိုသတိမထားမိရိုးအမှန် ခမည်းတော်ပြောလိုက်မှ ထိုခပ်ချောချောလူငယ်ကိုကြည့်ကာ

'ခမည်းတော်ကသားတော်ကို ကလေးတစ်ယောက်ဆီကစာသင်စေချင်တယ်တဲ့လား ဒီပညာရေးအမတ်မင်းလေးကဒီလောက်ငယ်သေးပုံကိုသားတော်ကသူ့ဆီကအလုံးစုံသောစာပေအနုပညာတွေသင်ရမယ်တဲ့လား'

' aww သားတော်ရယ် ဘယ်လိုပြောလိုက်တာလဲ အမတ် Wang က တစ်တိုင်းပြည်လုံးအဆင့်ဖြေရတဲ့စာမေးပွဲမှာ အသက်မပြည့်ပဲပါ၀င်ခဲ့တာတောင်ပထမအဆင့်နဲ့အောင်မြင်လာခဲ့တာ ငယ်ငယ်ရွယ်ရွယ်နဲ့ပညာရှိအမတ်မင်းဖြစ်နေတာပဲကြည့်'

' ha ha အမတ်၀မ်ရေကျုပ်သားတော်လေးကဒီလိုလေးပဲ အမတ်၀မ်ကိုအပ်ပါရစေ သားတော်လေးကိုကိုယ့်ညီတော်လေးလိုသဘောထားပြီးသည်းခံသင်ကြားပေးပါနော်'

'ဟုတ်ကဲ့ပါ အရှင်မင်းကြီး'

'ခဏ...'

Xiao Zhan စိတ်ထဲတွင်တော့မကျေနပ်လှပါ ဘယ့်နှယ်ကြောင့်တစ်တိုင်းပြည်လုံးမှာငယ်ငယ်ရွယ်ရွယ်နဲ့စာမေးပွဲကြီးကိုပထမအဆင့်နဲ့အောင်တယ်ဆိုတိုင်းသူ့ဆရာဖြစ်ရရိုးလား ဒါမျိုး Xiao Zhan လက်မခံပါ

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now