Part 7

4.5K 312 2
                                    

Unicode ::

Xiao Zhan လေးမှာအရင်ရက်များကလိုသက်သက်မဲ့ကြီးဆရာကိုရှောင်မနေတော့ပါ။ တနည်းအားဖြင့် အားအားရှိတိုင်းသူ့ဆရာကိုသွားတွေ့နေတော့သည်။ Yibo မှာပညာရှိအမတ်ပိစိကလေးဖြစ်သော်ငြားငယ်ငယ်ရွယ်ရွယ်နှင့်ပင်နှစ်စဉ်အမှန်တကယ်ထက်မြက်သောပညာရှင်များကိုသာအထပ်ထပ်ရွေး၍ကျင်းပခဲ့သောပညာရှိစာမေးပွဲကိုအသက်မပြည့်သေးပဲဖြေဆိုခဲ့သည့်တိုင်တစ်တိုင်းပြည်လုံးအတိုင်းအတာပထမရခဲ့လေသောကြောင့် အိမ်ရှေ့စံလေးအားသင်ကြားပြသပေးရန် အသက် ၁၇ နှစ်သာရှိသေးသော်လည်းဘုရင်ကြီးကအထူးအခွင့်ပေးခဲ့လေသည်။

ယခုမှာမူ အသက်လည်း ၂၀ ရှိပြီဖြစ်ရာ မင်းညီမင်းသားအပေါင်းနှင့်အရာရှိအမတ်မင်းတို့၏သားတော်များသာတက်ခွင့်ရှိသောနန်းတော်နှင့်နှစ်လမ်းအကွာတွင်
ရှိသည့်ဘုရင့်စာသင်တိုက်၌ သင်္ချာဘာသာကိုအဓိကသက်ကြားပေးသောပါမောက္ခချုပ်ဖြစ်လာလေပြီ။ သို့သော်သူ့ဆီအားတိုင်းတကျော်ကျော်လာလည်ပတ်နေသောအိမ်ရှေ့စံလေးကြောင့်စည်းကမ်းတင်းကျပ်သူဆရာလေးမှာအရင်ရက်များနှင့်မတူစာသင်ချိန်များပျက်နေရသည်။

Xiao Zhan မှာလည်း မသွားတော့ဘူးစဉ်းစားရင်းဆရာ့မျက်နှာလေးမှမတွေ့ရရင်စားမ၀င်အိပ်မပျော်ဖြစ်ရလေသောဒုက္ခရယ်ကြောင့် ဆရာ့နားနေဆောင်၊ ဆရာ့ကျောင်းနှင့်စာကြည့်တိုက်ပါမကျန်၊ ယုတ်စွအဆုံးသန့်စင်ခန်းသွားသည်အထိ ဆရာ့နောက်တကောက်ကောက်လိုက်နေမိသည်။

အိမ်ရှေ့စံလေးမှာဆရာလေးနောက်တကောက်ကောက်လိုက်နေရသဖြင့်အစာစားချိန်မမှန်တော့ပါ။ ထို့ပြင်ကြုံသလိုအပြင်စာတွေကိုသာစားနေရသောကြောင့်အစာအိမ်ရောင်လာလေသည်။ ဒီနေ့တွင်တော့ဆိုးရွားစွာဗိုက်အောင့်နေသော
ကြောင့်ဆရာဆီသူမသွားဖြစ်ပါ။

'အရှင့်သား...... ဆရာလေး Wang က အခစားဝင်ကြောင်းပါ။'
( Yibo က Zhan Zhan ရဲ့ဆရာဖြစ်လို့ပြီးတော့လဲအခုကနန်းတွင်းမှာစာသင်တိုက်မှာမဟုတ်လို့ပါမောက္ခ Wang လို့မခေါ်ပဲအရင်ကခေါ်သလိုပဲခေါ်ကြတာပါ)

'အရှင့်သားဗိုက်အောင့်နေတယ်ဆိုလို့ပါ။ aww ဒါ စစ်ထူ တိုင်းရင်းဆေးဆိုင်က ဗိုက်အောင့်ပျောက်ဆေးပါ။
အရှင့်သားအတွက်ဆရာဝယ်လာတာ။'

My Dearest Emperor { Uni+ Zawgyi}Donde viven las historias. Descúbrelo ahora