Part 14

4.1K 259 6
                                    

Unicode ::

ညနေခင်း ၆နာရီခွဲ၀န်းကျင်လောက်ဖြစ်သည်။ Yibo မှာစာသင်ဆောင်မှပြန်ကာသူ့အဆောင်သို့တစ်လှမ်းချင်းလျှောက်လှမ်းလာလေသည်။

ဆရာလေး၏မျက်နှာလေးညိုးကျနေသည်ကိုကြည့်ခြင်းဖြင့် Hai Kuan ge ဒဏ်ရာအကြောင်းကြား၍စိတ်ပူနေကြောင်း သိသာလှပါသည်။

Yibo မှာသူအိပ်ဆောင်သို့ရောက်သည့်အချိန်ခြေလက်ဆေး၊အဝတ်အစားလဲလိုက်ကာညနေ ၇နာရီလောက်မှစ၍ တခါလေးမှမူးအောင်မသောက်ဖူးပါသောသေရည် များကို ခွက်ထဲငှဲ့ထည့်ကာတစ်ခွက်ပြီးတစ်ခွက်မော့သောက်နေလေသည်။

Xiao Zhan တို့ရောက်သွားချိန်မှာ ည ၇ နာရီခွဲလောက်ရှိပြီဖြစ်သည်။

Xiao Zhan သည် Yibo အဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ တည်းခိုဆောင်၏ခေါင်မိုးထက်မှစောင့်ကြည့်နေခြင်းဖြစ်လေသည်။ ထူးဆန်းစွာပင်သေရည်များတရစပ်ထည့်သောက်နေသောဆရာအားကြောင်အမ်းစွာငေးကြည့်နေမိလေသည်။

ဆရာ့မျက်နှာလေးမှာဝမ်းနည်းမှုကြောင့်ညိုးကျနေသည်ဖြစ်ရာ Xiao Zhan ရင်ထဲအမျိုးအမည်မဖော်ပြတတ်ပါသော စိတ်မကောင်းဖြစ်မှု၊ ထပ်တူဝမ်းနည်းခြင်းများပြည့်လျှံလာလေသည်။

တကယ်ပြောရလျင်လည်း Yibo မှာ Hai Kuan ကိုဘယ်လောက်ပင်စိတ်ပူနေပါစေ၊ မြို့တော်သို့ပြန်ခွင့်၊အကိုတော်ဆီသွားခွင့်မရှိပါ။ထို့ကြောင့်သူစိတ်ပူနေရုံမှမတတ်နိုင်ပဲဖြစ်နေရာ ချစ်ရသူ နှစ်ချိုက်သည့် သေရည်ကိုသာအဖော်ပြုနေခြင်းဖြစ်လေသည်။

တဖြေးဖြေးညည့်နက်လာသည့်တိုင် Yibo က အိပ်ရာခန်းပြတင်းပေါက်လေးဖွင့်ထားကာ ပြတင်းနံဘေးရှိစားပွဲလေးကိုမှေးထောက်ရင်းငူငိုင်စွာအပြင်ဘက်အားငေးကြည့်နေ၍ သေရည်များတမြုံ့မြုံ့သောက်နေလေသည်။

အတွေးမျိုးစုံဖြင့်ပူပန်နေသည့်တိုင် အနည်းငယ်ရိပ်တိတ်တိတ်မူးနေသည့်တိုင်ပကတိတည်ကြည်သူပီပီ ဝမ်းနည်းရိပ်သန်းနေသော်လည်း မျက်နှာအနေအထားကိုဂရုစိုက်ထိန်းချုပ်ထားလေသည်။

Xiao Zhan မှာ လဲငေးနေသည်မှာတမေ့တမောပင်။ ည ၉နာရီလောက်ရောက်တော့ Yibo ဆီသို့ စာပို့ခိုလေးတစ်ကောင်ဝဲပျံလာလေသည်။

My Dearest Emperor { Uni+ Zawgyi}Kde žijí příběhy. Začni objevovat