Unicode :::
ဆရာလေးဟာဂူထဲကနေအပြေးတပိုင်းပြေးထွက်လာခဲ့သည်။ ထိန်းချုပ်ထားသောမျက်ရည်စတို့သည်တာကျိုးသလိုစီးကျလာလေပြီ။ Yibo လည်းမြင်းထားခဲ့ရာတောအုပ်လေးဆီိငိုလျက်ပင်ပြေးသွားလိုက်သည်။
သစ်ပင်တွင်ချည်ထားခဲ့သောမြင်းနက်လေးကိုကြိုးဖြေလိုက်ကာ မြင်းကိုတဟုန်ထိုးစီးနှင်းပြီးထိုနေရာလေးမှထွက်လာခဲ့သည်။ မိမိအားအနှီကိစ္စများပြုပြီးသည့်တိုင်သာမန်ဆက်ဆံရေးဟုသာတစ်ထစ်ချပြောနေသောအိမ်ရှေ့စံလေးကြောင့်အလွန်၀မ်းနည်းမိသည်။ သေချာသည်မှာသူ Xiao Zhan အပေါ်သာမန်တပည့်တစ်ယောက်အဖြစ်သဘောမထားနိုင်တော့ပြီ။
ဆရာထွက်သွားတာကြာသည့်တိုင် Zhan Zhan တယောက်အသည်းအသန်စဥ်းစားနေလေသည်။ သူတကယ်ဘာများမှားခဲ့လေသလားပေါ့။တကယ်တမ်းတော့ဆရာလေးသူ့အပေါ်မည်သို့သဘောထားသည်ကိုသူအတပ်သိလေသည်။ တိတိကျကျပြောရလျှင်သူကိုယ်တိုင်လဲဆရာ့အပေါ်မည်သို့တွေးနေသည်ကိုသိနေသည်။ သို့သော် Straight စစ်စစ်အဖြစ်ခံယူထားသူတယောက်အတွက်ထိုစိတ်မျိုးသဘောမျိုးကမည်သို့ပင်လက်ခံနိုင်စရာမရှိပါလေ။
သူတကယ်တော့မှားခဲ့တာပဲလေ။ ဆရာ့အပေါ်မရိုးမသားစိတ်မျိုးနဲ့ထိုကိစ္စတွေပါလုပ်ဖို့စိတ်ပါနေသည့်တိုင် ဆရာတပည့်ဆက်ဆံရေးသာသာပဲဟုမျက်စိစုံမှိတ်ပြောခဲ့မိလေသည်။ အတပ်ဆိုရသော်ဆရာ့တွင်ယနေ့အထိချစ်ရသောချစ်သူဟူ၍လည်းမရှိခဲ့ဖူးသည်ကိုသူသေချသိသည်ပင်။ သူ့အတွက်ကော ၊ သူ့မှာလဲချစ်ရဖူးသူမှမရှိဖူးပဲ။
'arr..... ငါမှားသွားပြီ။
ငါသိပ်မှားသွားခဲ့ပြီ။
Xiao Zhan ar Xiao Zhan မင်းဘယ်လိုတောင်လုပ်ရက်ရတာလဲ
ဆရာ့အပေါ်ကို။ 'Xiao Zhan ဂူနံရံထက်လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ လက်ထိပ်မှာပေါက်ပြဲသွားကာသွေးများပင်ယိုစီးနေလေပြီ။
အိမ်ရှေ့စံလေးကခုနကချွတ်ချထားသော၀တ်ရုံများကိုအမြန်၀တ်လိုက်ကာ ဆရာ့နောက်ပြေးလိုက်ရန်ကြံရွယ်လိုက်သည်။ ထိုစဥ်မိုးများကလဲသည်းကြီးမည်းကြီးရွာချလာတော့သည်။ သူရှည်ရှည်ဝေးဝေးမတွေးနေတော့ပဲမိုးရေထဲမြင်းဒုန်းစိုင်းစီးကာ
BẠN ĐANG ĐỌC
My Dearest Emperor { Uni+ Zawgyi}