Part 37

1.7K 157 17
                                    

Unicode ::

Xiao Zhan မျက်၀န်းအစုံမှမျက်ရည်များစီးကျလာသည့်တိုင်လက်ချောင်းများဖြင့်အသာဖယ်ထုတ်ကာငိုကြွေးဖို့ငြင်းဆန်နေမိသည်။ မကြာမီပင် ရှီးကျိုးစစ်သည်တော်များထံမှ အောင်မြင်ခြင်းစည်သံကိုကြားလိုက်ရလေသည်။ ရှီးကျိုးပြည်က စုန့် တို့ကိုစစ်နိုင်သွားလေပြီ။ Zhan Zhan အကြိမ်ကြိမ်မက်ခဲ့ရသည့်အိပ်မက်ဖြစ်သော ရှီးကျိုးပြည်တည်ဘိုးဘေးတို့အပ်နှင်းသည့်သမိုင်းပေးတာ၀န်ဖြစ8်သော ၃ ပြည်ထောင်စုစည်း၍ ဟွမ်းကျိုး အ7င်ပါယာကြီးကို45ရန်ဟူသော အိပ်မက်မှာလက်တွေ့အကောင်အထည်ပေါ်လာလေပြီ။
သို့သော် Zhan Zhan လေးအလိုချင်ဆုံးဆုလာဘ်က ကိုကိုပြောမယ့် "ဂုဏ်ယူပါတယ်ကလေးရေ" ဆိုတဲ့စကားတဲ့...

Hai Kuan အပါအ၀င် ရှီးကျိုးစစ်သည်တော်အားလုံးဒူးတုပ်ချကာ
အင်ပါယာမင်းထံချီးကျူးသြဘာပေးနေသော်လည်း အင်ပါယာမင်းက အသက်မဲ့သွားသောချစ်ရသူ၏အေးစက်စက်ခန္ဓာကို ထွေးပွေ့ကာ မျက်ရည်များကိုထိန်းချုပ်ရပ်တန့်ထားလေရဲ့.....

Hai Kuan လဲဒူးတုပ်အရိုအသေပေးနေရာမှအလျင် ထ ကာ

'အရှင်....အရင်ပြန်နှင့်ပါ။ ညီတော်ကိုကောင်းကင်လမ်းကကျနော်ခေါ်ဆောင်လာမယ်'

Yibo ကိုအမြတ်တနိုးကြည့်နေသော Zhan Zhan မျက်၀န်းများ က Hai Kuan ထံစူးရဲစွာအကြည့်ပြောင်းလာကာ အတန်ကြာဆိတ်ငြိမ်နေပြီးမှ

'စစ်သူကြီး ၀မ် က ဘာကိုဆိုလိုချင်တာလဲ'

Hai Kuan တယောက်၀ိညာဥ်ကင်းမဲ့နေပြီးသောညီတော်လေးအတွက်သာမက ရူးမတတ်ချစ်ပြီးမခံစားနိုင်ရှာသော အင်ပါယာမင်းအတွက်ပါလွန်စွာစိတ်မကောင်းဖြစ်လှ၍သန်မာသည့်ယောက်ျားလေးဖြစ်လင့်ကစား စီးကျလာသည့်မျက်ရည်များကိုတားဆီးမရနိုင်ပေ။

' အရှင်....အသက်၀ိညာဥ်ကင်းကွာနေပြီးတဲ့ရုပ်အလောင်းကိုမြို့များထဲမှသယ်ယူသွားဖို့မသင့်ပါဘူး။ အရှင်သိပါတယ် ရှီးကျိုးပြည်ကပြည်သူမှူးမတ်စစ်သည်တွေမဆိုထားနဲ့ရှီးကျိုးပြည်ရဲ့ဘိုးဘေးမင်းကြီးတွေနတ်ရွာစံတဲ့အခါလဲ ကောင်းကင်လမ်းကိုသာသုံးရတာပဲလေ..အခုက'

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now