Unicode::
Fan Xing မှာကြားသည့်အတိုင်း Zhan Zhan နှင့်ဆရာဘိုးဘိုးတို့ မာန်ရ်နတ်မိစ္ဆာဂူသို့ခရီးဆက်လာကြသည်။ လမ်းတစ်လျှောက်လုံးလည်းမည်းမှောင်အုံ့မှိုင်းနေ၍တစ်လှမ်းချင်းသာမနည်းလျှောက်လှမ်းနေရလေသည်။ လမ်းတစ်လျှောက်လုံးလဲခြောက်ခြားဖွယ်ရာအသံများ၊ စူးရှအက်ကွဲစွာငိုကြွေးသံများ၊ ၀က်၀က်ကွဲအောင်လှောင်ရယ်သံများ၊ ဝေဒနာကြီးစွာညည်းငြူသံများစသဖြင့်မျိုးစုံကြားနေရလေသည်။
၂ နာရီကျော်ကြာလျှောက်လာပြီးသည့်နောက်ဆုံးတွင် ဆရာဘိုးဘိုးက Zhan Zhan အင်္ကျီလက်နားလေးကို ရုတ်တရက် ဆွဲလိုက်ကာဆိုသည်။
'မင်းကြီး...အခုကရွှီယောင်ရဲ့ပိုင်နက်မိစ္ဆာဂူနဲ့အတော်လေးနီးကပ်လာပြီဆိုတော့ကျတော်ဒီကပဲစောင့်နေမယ်။ အခုချိန်ကစလို့မင်းကြီးမြင်မယ့်ကြားမယ့်အရာတွေကအတည်မဟုတ်ဘူးဆိုတာမှတ်ထားပေးပါ။ ရွှီယောင်ဖန်တီးထားတဲ့လောကထဲရောက်လာပြီဆိုအရာအားလုံးကကိုယ့်ဆန္ဒအလျောက်အမှန်တိုင်းဖြစ်ပျက်နေသလို၊ လိုအင်ဆန္ဒတွေအကုန်ပြည့်၀နေသလိုထင်ယောင်ထင်မှားဖြစ်စေနိုင်တယ်။ အကြောင်းကတော့ရွှီယောင်ကလူသားတွေရဲ့အလိုချင်ဆုံးဆန္ဒတွေကိုအတပ်သိပြီးခံစားချက်တွေကိုလှည့်စားနိုင်စွမ်းရှိလို့ပါ။ အဓိကမှာချင်တာတော့အရှင့်အနေနဲ့ထိုအရာတွေမှာသာယာနှစ်မွန်းမသွားစေဖို့သတိထားရပါမယ်။'
'ဟုတ်ကဲ့....ဆရာဘိုးဘိုး'
လမ်းတလျှောက်လုံးလဲအင်ပါယာမင်း၏အလိုချင်ဆုံးသောဆန္ဒများဖြစ်သည့်ကိုကိုကပြုံးပြသည်။ ကိုကိုကခေါင်းလေးပုတ်ပေးသည်။ ကိုကိုကလက်ကလေးလာဆွဲကိုင်သည်။ ကိုကိုကနဖူးလေးကိုနမ်းသည်။
စသဖြင့်မျိုးစုံနစ်မြောနေရသည်။ ချစ်ရသူမျက်နှာလေးကိုတစ်ခါမြင်ရတိုင်း အင်ပါယာမင်းမှာခြေတစ်လှမ်းတွန့်သွားရသည်။ သို့သော်သူဆရာဘိုးဘိုးစကားကိုသာအထပ်ထပ်ပြန်ကြား၍ ဆက်လျှောက်လာခဲ့လေသည်။နောက်ဆုံးတွင်တော့ မာန်ရ်မိစ္ဆာဂူရှေ့သို့ရောက်ရှိလာလေသည်။Zhan Zhan တစ်ယောက် Fan Xing ပေးလာသောသစ်သားဓားလေးကိုသေချာဆွဲကိုင်ကာမာန်ရ်မိစ္ဆာဂူတွင်းသို့၀င်လာခဲ့သည်။ မိစ္ဆာဂူထဲ၀င်လာသည်နှင့် စူးရှကျယ်လောင်စွာအော်ရယ်သံများကိုကြားရလေသည်။ အောက်ခြေကြမ်းပြင်တွင်လဲပျော့ချွဲညစ်ပေနေကာမှော်ရိများပင်တက်နေလေသည်။ အနံ့အသက်ကလည်းပုပ်သိုးနံဟောင်နေကာအူအသည်းများပင်ပြုတ်ထွက်လုမတတ်အန်ချင်လာလေသည်။
ESTÁS LEYENDO
My Dearest Emperor { Uni+ Zawgyi}