Unicode ::
'အမတ်ကြီး Zhu ကျမပြောပြီးပြီထင်တယ်။ ကျမကအင်ပါယာမိဖုရားဖြစ်တဲ့အတွက်၊ မင်းကြီးရဲ့ဆရာက ကျမ ဆရာဖြစ်သလိုကျမလဲလေးစားချစ်ခင်ပါတယ်။ ဒါကြောင့်ဆရာနဲ့ဆရာ့မိသားစု၀င်တွေကိုဘယ်တော့မှဒုက္ခပေးမှာမဟုတ်လို့ဒီကိစ္စကိုထပ်မပြောနဲ့တော့။'
'အကယ်၍သူကမိဖုရားနေရာကိုလုဖို့ပြင်နေတယ်ဆိုရင်ကော။'
ထန်ချင်းရီ '........'
'အင်ပါယာမင်းကြီးနဲ့သူ့ဆရာရဲ့ဆက်ဆံရေးကသာမန်ထက်ပိုထူးနေတာရှီးကျိုးပြည်တစ်ခုလုံးသိတယ်။ မိဖုရားထန် က မသိတာလား။
မသိချင်ယောင်ဆောင်နေတာလား။''အမတ်ကြီးဘယ်လိုပြောပြောကျမသဘောထားပြောင်းလဲမှာမဟုတ်လို့ပြန်လို့ရပါပြီ။'
'ပြန်မှာပါ။ ဟားဟား။ ပြန်မှာပါ။ မပြန်ခင်တစ်ခုလောက်ထပ်ပြောပြခဲ့ဦးမယ်။ အတိုင်ပင်ခံအမတ်မင်းအမြဲထုံးတဲ့ဆံထိုးက ဒီကမ္ဘာမှာ နှစ်ခုပဲရှိပြီးတစ်ခုကမင်းကြီးဆီမှာဆိုတဲ့အကြောင်း။ ကျွန်တော့်ကိုခွင့်ပြုပါဦး'
ညနေစောင်းချိန်ရောက်သည့်တိုင် ထန်ချင်းရီ မှာအမတ်ကြီးပြောခဲ့သည့်ကိစ္စကိုပဲတွေးတောနေမိသည်။ " မဟုတ်တာ၊ သူတို့ကဆရာတပည့်တွေလေ။ အချင်းချင်းသံယောဇဥ်ကြီးတာပဲနေမှာပေါ့။' သို့သော်လည်းအင်ပါယာမင်းကြီးမှာလက်ထက်ချိန်မှစ၍ယနေ့ထိသူ့ကိုလက်ဖျားနှင့်ပင်မထိဖူးပါ။ မျက်လုံးချင်းဆုံအောင်ပင်မကြည့်ဖူးပါ။ ဆရာ့ကိုက...
ဒါပေမယ့်လည်းဆရာကသူ့အပေါ်အဲ့လိုမလုပ်လောက်ပါဘူးလေ။ အင်ပါယာမင်းကြီးကဘယ်တော့အခါမှသူ့ကိုမနှစ်သက်ခဲ့ပေမယ့်သူ့ဆရာနဲ့ချစ်ကြိုက်နေတာလဲမဖြစ်နိုင်ပါဘူး။ ဆရာ့ကိုမေးကြည့်ဖူးတယ်အင်ပါယာမင်းကဘယ်တုန်းကမှမိန်းကလေးတွေနဲ့အရောမ၀င်သလို၊ မချစ်ကြိုက်ဖူးဘူးတဲ့။ ရှီးကျိုးကနတ်သမီးတမျှချောမောလှပတဲ့မမလေးတွေကိုတောင်သဘောမတွေ့တာ၊ အင်ပါယာမင်းကြီးကယောက်ျားကြီးဖြစ်တဲ့သူ့ဆရာကိုကြိုက်ပါမတဲ့လား။ မဖြစ်နိုင်လိုက်တာလေ။
YOU ARE READING
My Dearest Emperor { Uni+ Zawgyi}