Unicode ::
'သခင်လေး...'
'မိန်းကလေးမင်း...မင်းဘယ်လိုလုပ်နန်းတော်ထဲရောက်နေတာလဲ'
'မင်းသမီးလေး...
နယ်စားလေး..အရှင်မင်းကြီးက
အခေါ်လွှတ်လိုက်လို့ပါ''ဟုတ်ပြီလာခဲ့မယ်။ နင်တို့အရင်
ထွက်သွားကြ''ဟုတ်ကဲ့ပါအရှင်မင်းသမီး'
'ကျနော်မျိုးမင်းသမီးလေးကိုနှုတ်ခွန်းဆက်သပါတယ်။ မင်းသမီးမှန်းမသိဘဲရဲရဲတင်းတင်းပြောဆိုခဲ့မိတာတွေခွင့်လွှတ်ပါ'
'မဟုတ်တာသခင်လေး..သခင်လေးကကျမရဲ့ကျေးဇူးရှင်ပါ'
Zhou Cheng တယောက် Zi Yi ကိုအလျင်အမြန်အရိုအသေပြုလိုက်သည်။ Zi Yi လဲသူ့လက်တွေကိုအမြန်သွားဆွဲလိုက်တော့သူကြောင်အမ်းစွာခေါင်းမော့လာရင်းမင်းသမီးကိုငေးကြည့်နေမိသည်။ Zi Yi ကတဖန်ပြုံးပြလိုက်ရင်း
'နယ်စားလေးက...'
'ဟုတ်...ဟုတ်ကဲ့ပါ။ ကျနော်မျိုးက
ယူနန်စော်ဘွားရဲ့ ပဥ္စမမြောက်သားတော် Zhou Cheng ပါ''နယ်စားလေး...အကိုတော်ဆီသွားရအောင်'
'ဟုတ်..ဟုတ်ကဲ့မင်းသမီး'
ထန်ချင်းရီထွက်သွားပြီးနောက်အင်ပါယာမင်းကအိမ်ရှေ့စံဘ၀ကသူပိုင်ဆိုင်ခဲ့သောဥယျာဥ်တော်တွင်းသို့ ကိုကို့အားပို့ဆောင်လိုက်သည်။ အကြောင်းမှာမိဖုရားထန်ကအထိန်းတော် Xi ကိုလွှတ်၍မယ်တော်ကြီး၏အမှာစကားပါးစေလိုက်သောကြောင့်ဖြစ်သည်။ လောလောဆယ်လက်ထောက်စစ်သူကြီးမှာ၀ရမ်းပြေးဖြစ်နေတာကြောင့်သူ၏မိသားစုများကိုနန်းတော်ထဲခေါ်ဆောင်ထားသည်ကိုအခြားသူများသိသွားလျှင်မသင့်လျော်လှသောကြောင့်ဖြစ်ပေသည်။ (ထန်ချင်းရီကတော့ထားလေ...ဘော်ဒါတွေပဲ)
'ညီမတော်တို့ရောက်လာကြပြီလား။ နယ်စားလေးကိုအကိုတော်ကဆုတော်ချီးမြှင့်မို့အခေါ်လွှတ်လိုက်တာ'
'ဟုတ်ကဲ့အကိုတော်မင်းကြီး...ညီမကိုခေါ်တယ်ဆိုလို့ပါ။ ခွင့်ပြုပါဦး'
YOU ARE READING
My Dearest Emperor { Uni+ Zawgyi}