Part 11

3.9K 255 0
                                    

Unicode ::

Hai Kuan မှာတပ်မှူးလေးသာဖြစ်သောကြောင့်ထောင်ချီသောရှီးကျိုးတပ်ကြီးကိုဦးဆောင်ခွင့်မရှိသေးပါ။ သူ၏တပ်တွင်ကားလူ ၂၀၀ ကျော်မျှသာပါရှိလေသည်။
ဘုရင်ကလဲ ကျူးကျော်လာသူစုန့်တို့အားနှိမ်နှင်းရန် စစ်သူကြီး Wang နှင့်တကွ စစ်ပွဲအတွေ့အကြုံမရှိလှပါသေးသော အိမ်ရှေ့စံလေးအား တပ်မ ကြီးအားဦးဆောင်ခွင့်ပြုလိုက်သည်။ Hai Kuan က ကြားကြားခြင်း ရီ မြို့သို့ တပ်ငယ်လေးကိုဦးဆောင်ကာအပြင်းနှင်လာသော်လည်း တပ်သားထောင်ချီပါသော ပင်မ တပ်ကြီးအားဗြုန်းစိုင်းစစ်ချီခိုင်း၍မရပါ။ ထို့ကြောင့် စစ်စရိတ်၊ ရိက္ခါ၊ လက်နက် ၊ စိတ်ဓာတ် အဘက်ဘက်မှဖြည့်တင်းပြီးခါမှ စစ်သူကြီး Wang ကဦးဆောင်ကာစစ်ထွက်လာလေသည်။

ယခုမှာမူ စစ်ဘက်ဆိုင်ရာအကြံပေးအမတ်မင်း Zhu Zanjin ကို တလီပြည် စုန့်တပ်က ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။ အကြောင်းမှာအရွယ်ရောက်လာသော ရှီးကျိုး အိမ်ရှေ့စံလေး၏အရည်အချင်းအား စမ်းသပ်လိုသောကြောင့်ပင်။ ဒီစစ်ပွဲတွင်သေချာပေါက် အိမ်ရှေ့စံလေးဦးဆောင်မည်ကိုအတပ်သိသောကြောင့်တစ်ကြောင်းပေါ့။

Hai Kuan သည် Zanjin ကိုအသက်ပင်သေရသည်ဖြစ်စေ ရအောင်ကယ်မည်ဖြစ်သည်။ သို့သော်သူသည်ငယ်စဥ်တည်းကတပ်တွင်းတွင်စစ်တိုက်ရင်း၊ စစ်ရေးလေ့ကျင့်ရင်းဖြင့်နေခဲ့သူဖြစ်ရာ စစ်သားများအားလုံးခြေလျင်တပ်သားများကိုကအစ မိမိ၏ ညီအကိုရင်းချာပမာတွယ်တာသူဖြစ်သည်။ ယခုလဲ Zanjin ကိုကယ်ဆယ်ဖို့အတွက်သူ့ညီအကိုများအသက်ဆုံးရှုံးရမည်ကိုမလိုလား။ သူသာ..... သူသာသေပါစေပေါ့လေ။ Zanjin ကိုရအောင်ကယ်မည်တွေးကာ

'စုန့်တပ်တွေစခန်းချနေတာက တို့ရှီးကျိုးပြည် နယ်စပ်မှာဆိုပေမယ့် လူအင်အားချင်းက ဆယ်ဆမက ကွာခြားတယ်။ အိမ်ရှေ့စံအရှင့်သားတို့လာနေပြီဆိုပေမယ့် အမတ်လေးကိုစုန့်တွေ တစ်ခုခုပြုလိုက်မှာစိုးတယ်။ ဒါကြောင့်ဒီည စုန့်တပ်ထဲ ကျွန်တော်တယောက်တည်းတိတ်တိတ်ခိုး၀င်မယ်။ ကျွန်တော့်အတွက်၊ဒီရှီးကျိုးပြည်အတွက်စဥ်းစားတယ်ဆို ညီအကိုတို့မလိုက်ခဲ့ဖို့ပြောချင်တယ်။'

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now