Part 39

1.8K 144 14
                                    

Unicode::

'Yubin er..... အရမ်းလွမ်းနေခဲ့တာ
မင်းသိလား...မင်းမရှိတဲ့နေ့ကတည်းကငါကျောက်ပုစွန်တွေလဲမစားရတော့ဘူး။ ဒီလိပ်အိုကြီးကဘယ်နားမှလဲသုံးမရဘူး။ ငါလေမင်းကိုသိပ်သတိရနေခဲ့တာ'

'imm ပါလွတ်ပါအုံး'

ထိုလူငယ်လေးမှာပြေးထွက်လာလာချင်းအကိုတော်ဖြစ်သူ Yubin ကိုထွေးပွေ့ဖက်တွယ်ကာစကားများမနားစတမ်းဆိုနေလေသည်။ Zhan Zhan သတိထားမိသလောက် Yubin မျက်နှာမှာသာမန်ထက်အနည်းငယ်နီရဲလာ၍ ချွေးသီးချွေးပေါက်များဆက်တိုက်ကျဆင်းနေလေသည်။ သူမှတ်မိသလောက်တော့ Yubin မှာအင်တိုက်အားတိုက်စစ်ရေးလေ့ကျင့်နေချိန်နှင့်တိုက်ပွဲတွင်းအသက်လုကာစစ်တိုက်နေရချိန်တွင်ပါ ထိုသို့မမောဟိုက်ဖူးပါလေ။

Yubin လဲ Zhan Zhan ကအသေအချာစူးစမ်းကြည့်နေသည်ကိုမြင်လျှင် Fan Xing ကိုချက်ချင်းတွန်းဖယ်ကာစကားစလေသည်။

'Fan Xing ... ဒါကငါ့ညီတော်ဟွမ်ကျိုးအင်ပါယာမင်း Xiao Zhan'

Fan Xing ၏အကြည့်တို့ကအခုမှ Zhan Zhan တို့ထံရောက်လာလေသည်။ သို့သော်သူ၏ လက်အစုံမှာ Yubin ၏ ပခုံးများထက်တွဲခိုလျက်ပင်။ ရိုသေလေးစားသမှုအလျင်းမရှိသောလေသံဖြင့်

'မင်းက ဟွမ်ကျိုးပြည်ရဲ့အင်ပါယာမင်းနော်။ ရှီးကျိုးပြည်ရဲ့ ၇ ဆက်မြောက်ဘုရင်ပေါ့ဟုတ်လား'

ထို့နောက်ထိုကောင်လေးက Zhan Zhan ခေါင်းတွင်ထိုးထားသော ဘိုးဘေးအမွေ ဆံထိုးကိုဆက်ခနဲဖြုတ်ကြည့်ကာစူးစမ်းနေလေသည်။ Zhan Zhan ကဒေါသတကြီးတုန့်ပြန်မည်ပြုသော်လဲ ဆရာဘိုးဘိုးကမျက်နှာရိပ်ပြ၍တားလိုက်သည်။ တဖန်ထိုသူက Zhan Zhan ပွေ့ချီထားသောကြင်ယာတော်လေး၏ခေါင်းထက်ရှိဆံထိုးကိုလက်လွတ်စပယ်ဖြုတ်ယူကြည့်ကာ

'arr... မင်းတို့လူသားတွေဒီလောက်ထိကတိတည်မယ်မှန်းမထင်ခဲ့ဘူး။ ဒီဆံထိုးတစ်စုံကမင်းက ရှီးကျိုးရဲ့ ၇ ဆက်မြောက်ဘုရင်ဆိုတာကိုအတိအကျပြောနိုင်တဲ့သက်သေပဲ။ ပြီးတော့မင်းကဒီယောက်ျားကိုမင်းဆံထိုးနဲ့ပုံစံတူကျန်တဲ့ဆံထိုးတစ်ခုကိုပေးထားတာကိုကြည့်ရတာသူကမင်းရဲ့
တစ်ဉီးတည်းသောသူဆိုတဲ့သဘောပေါ့။

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now