Part 8 သေးသေးလေး🔞

7.9K 327 5
                                    

🔞🔞🔞🔞🔞🔞

နည်းနည်းလေး Warning ပေးပါတယ်။
တကယ့်ပိကျိလေး မဆိုစလောက်လေး Warning !!!

'အရှင်မင်းကြီက ယွဲ့လျန် မြို့မှာရှိတဲ့ကျောင်းမှာစာသွားသင်ဖို့မိန့်လိုက်တာပါ'

'ဒါဆို ဆရာက မြို့တော်ကို ၃နှစ်လောက်မပြန်ရတော့ဘူးပေါ့'

ရှင်ဘုရင်၏စေလွှတ်မှုကြောင့်အခြားတစ်မြို့တစ်ရွာသို့စာသင်ပြရန်သွားရသောပညာရေးအမတ်တို့မှာဘုရင်ဆင့်ခေါ်မှုမရှိပဲမြို့တော်သို့ပြန်ခွင့်မရှိပါ။ အတိအကျဆိုရလျင် တာဝန်ကျရာထိုမြို့နှင့်ခြေတစ်လှမ်းပင်ခွါခွင့်မရှိပါ။ ရှီးကျိုးပြည်သည်ပညာရေးကိုအထူးအလေးပေးအားပေးသောနိုင်ငံဖြစ်ပြီးဘုရင်ကိုယ်တိုင်ပင်စာပေလိုက်စားသူဖြစ်လေသည်။

တိုင်းပြည်၏အနာဂတ်အတွက်ပညာတတ်မျိုးဆက်သစ်များမွေးထုတ်ပေးနိုင်ရန် ပညာရှိအမတ်မင်း၊ပါမောက္ခ၊ သင်ကြားရေးနည်းပြဆရာအားလုံးသည် မိမိစာသင်သည့်အရပ်မှ ပညာသင်ကြားပေးရသည့် ၃ နှစ်တာကာလပတ်လုံးထွက်ခွါခွင့်မရှိပါ။

ယွဲ့လျန်မြို့ဆိုသည်မှာ ရှီးကျိုးပြည်နှင့် ကျင်း နိုင်ငံကြားရှိနယ်စပ်မြို့လေးဖြစ်သည်။ တောင်တန်းကုန်းမြင့်ပေါ်၌တည်ထားသောမြို့လေးဖြစ်သည်။ ယွဲ့လျန်မြို့လေးနှင့် ကျင်းနိုင်ငံမှာ ချင်းပိုင် ဟုခေါ်သောမြစ်လေးသာခြားလေသည်။ မြို့အနောက်ဘက်ရှိ တကွေ ဟုခေါ်သောအသူရာနက်နဲသည့်ချောက်ကမ်းပါးမှအပတစ်မြို့လုံးမှာအလွန်နှစ်သက်ဖွယ်ကောင်းအောင်သာယာလွန်းသည်။ အနှီချောက်ကမ်းပါးကမူ ၁၂ ရာသီမြူများဆိုင်းနေကာအောက်ခြေကိုမမြင်ရ။ အချို့ကပြောတော့၎င်းချောက်သည်လူ့လောကနှင့်မိစ္ဆာလောက၏နယ်စပ်ဖြစ်သည်တဲ့။ မည်သို့ပင်ဆိုကာမူထိုချောက်ကမ်းပါးရှိရာမြို့အနောက်ဘက်ကိုမည်သူမှမသွားဖူးပါ။ ဘုရင်ကြီးကိုယ်တိုင်ကလည်းထိုချောက်နက်ကြီးရှိရာ ကွေရန် တောင်ကိုတားမြစ်နယ်အဖြစ်ထားကာသွားခွင့်ပိတ်ထားလေသည်။

အစဉ်အလာကောင်းခဲ့သည့်မြို့လေးဖြစ်ရာနှစ်စဉ်နှစ်တိုင်းလည်း ယွဲ့လျန် မြို့မှပညာရှိအမတ်မင်းများစွာပေါ်ထွက်ခဲ့သည်။

My Dearest Emperor { Uni+ Zawgyi}Kde žijí příběhy. Začni objevovat