Part 17

3.4K 232 2
                                    

Unicode :::

အိပ်မောကျသွားပြီဖြစ်သောဆရာ့နဖူးလေးအားဖွဖွလေးနမ်းရှိုက်လိုက်သည်။ ထို့နောက်ဆရာ့အားပွေ့ချီကာအခန်းထဲမှထွက်လာလိုက်သည်။ မည်သို့ပင်ဆိုစေကာမူထိုနေရာတွင်တော့ဆရာ့အားမအိပ်စေချင်ပါ။

သူတို့ ၂ ယောက်အပြင်သို့ထွက်လာသည်နှင့်စောင့်နေသော Yubin ကိုတွေ့လေသည်။ Yubin ကကူညီ၍ Yibo အားပွေ့ချီပေးချင်သော်ငြား အိမ်ရှေ့စံလေးကခွင့်ပြုမည်မဟုတ်ကြောင်းအတပ်သိသောကြောင့် ဘေးမှရေငုံနှုတ်ပိတ်ဒီတိုင်းလေးပဲလိုက်လာခဲ့လေသည်။ ဆရာ့အဆောင်ရှေ့ရောက်တော့ Zhan Zhan က

' အကိုတော် ....... တည်းခိုဆောင်ကိုပြန်သွားပြီးအနားယူတော့'

'အရှင့်သားကကော...'

'ကျွန်တော်ဒီည ဆရာ့ဆီမှာပဲ
အိပ်တော့မယ်'

ပြောရင်းပင်ဆရာ့အဆောင်တံခါးမ ကိုတွန်းဖွင့်ကာအထဲဝင်သွားသော အိမ်ရှေ့စံလေးတို့အားအတန်ကြာငေးကြည့်နေသော Yubin သည်တမျိုးလေးပြုံးလိုက်လေသည်။ ထို့နောက်တွင်တော့သူက မျက်နှာချင်းဆိုင်ရှိတည်းခိုဆောင်လေးသို့ပြန်သွားလိုက်လေသည်။

Yibo ကိုအိပ်ရာထက်ချပေးပြီးသည်နှင့် Zhan Zhan က ခေါင်းရင်းရှိ ပြတင်းပေါက်တံခါးတစ်ချပ်ကိုဖွင့်လိုက်သည်။

ထိုညသည်လပြည့်ကျော် ၁ ရက်ဖြစ်သည်ကြောင့်၊ ငွေရောင်၀င်းလဲ့နေသော လရောင်က ဆရာ့မျက်နှာပေါ်တရေးရေးကျရောက်နေလေသည်။ Yibo မှာသောက်ထားတဲ့အရှိန်ကြောင့် ဖြူဖြူနုနု မျက်နှာလေးထက် ပါးလေးနှစ်ဖက်ကရဲတောက်နေလေသည်။ ပြီးတော့ နှာဖျားလေးကော။ ဆွဲဆောင်လှသည့်နှုတ်ခမ်းပါးလေးများကတော့ပြောစရာပင်မလိုတော့။

သေချာပါသည်။ အိမ်ရှေ့စံလေးဒီညတော့အိပ်မပျော်တော့မည်မှာ။ နဂိုတည်းကရှုမငြီးတဲ့ ဆရာလေးက ဒီလောက်တောင်လှနေတဲ့ကိစ္စ။ အဲ့မျက်နှာလှလှလေးကို ပလစ် ပြီးသူဘယ်လို မျက်နှာလွဲခဲပစ်အိပ်ပျော်နိုင်တော့ပါ့မလဲ။

အိပ်မောကျနေသော ဆရာ့ မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ငေးနေရင်းမှ၊ ဆရာ့နဖူးလေးထက်သို့မရည်ရွယ်ပါပဲ အနမ်းလေးတစ်ပွင့်ခြွေ လိုက်မိသည်။ ထို့နောက်အသည်းယားစွာနီထွေးနေသောပါးလေးနှစ်ဖက်ကိုဖျစ်ညစ်ရင်း၊ ချယ်ရီသီးလိုရဲတောက်နေသည့် နှာဖျားလေးအားသာသာဖွဖွ ကိုက်ပစ်လေသည်။

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now