Unicode
'သားငယ်လေး........'
Wang ကတော်မှာမိမိမျက်လုံးကိုမိမိ
မယုံနိုင်လောက်အောင်၀မ်းသာ၊ အံ့အားသင့်နေမိသည်။ တလောကလုံးက သေဆုံးခဲ့ပြီးဟုတစ်ထစ်ချပြောဆိုခဲ့သော သားငယ်မှာ ယခုမိမိမျက်စိရှေ့တွင် အသက်ရှင်လျက်သားမျက်ဝါးထင်ထင်တွေ့ရပြီမဟုတ်ပါလော့။ Hai Kuan နှင့် ZanJin လာရောက်သတင်းပါးစဥ်ကမူသူမ အတပ်မယုံနိုင်သေး...ယခုတွင်မူ။'အမေ့ကိုစိုးရိမ်စေမိပြီ'
'သားပြန်လာရင်ရပါပြီကွယ်'
Yibo မှာမိခင်ဖြစ်သူအားတဖန်ထွေးပွေ့ထားရင်းနှစ်သိမ့်ပေးလေသည်။ Wang ကတော်မှာမူတရှုံ့ရှုံ့ရှိုက်ငိုလေတော့သည်။
မြို့တော်သို့ပြန်ရောက်ပြီးသည်နှင့် Yibo က ၀မ်အိမ်တော်သို့ ဦးတည်သွားရောက်လေခြင်းဖြစ်သည်။
Zhan Zhan တယောက်အိမ်တော်အပြင်ဘက်ရှိစီးတော်ယာဥ်တွင်း၌သာ ချစ်ရသူကိုစောင့်စားနေလေသည်။ သူသည် Yibo တို့သားအမိမှာသူရှိနေလျင် စိတ်ကျဥ်းကြပ်အခက်တွေ့နေမည်စိုးရိမ်သောကြောင့်အိမ်တော်တွင်းလိုက်မ၀င်ခဲ့ခြင်းဖြစ်သည်။ငိုတခါ ရယ်တလှည့် ဖြင့် အပြန်အလှန်ထွေးပွေ့ထားရင်း အတန်ကြာအလွမ်းသယ်ပြီးနောက်တွင် Yibo တို့သားအမိ ခြံပြင်သို့လမ်းလျှောက်ထွက်လာလေသည်။ Zhan Zhan လဲ စီးတော်ယာဥ်ထဲမှဆင်းသက်ကာ Yibo တို့ရှိရာသွားလိုက်လေသည်။ ၀မ်ကတော် က အရိုအသေပြုကာနှုတ်ဆက်လိုက်သည်။
'အရှင်မင်းကြီး'
Zhan Zhan လဲ အရိုအသေပြန်ပြုလိုက်သည်။ ယခင်ကမူ သူတို့နှစ်ယောက်အကြောင်းကို ၀မ်ကတော်မရိပ်မိခဲ့သည်မှာသဘာ၀ကျလှသည်။ ယနေ့တွင်တော့ ၀မ်ကတော်ကသူ့အားယခင်ကဲ့သို့ရိုကျိုးလေးစားစွာဆက်ဆံနေသော်လည်း အနည်းငယ်မလိုလားနေမှုများကိုရေးတဝါးမြင်နေရပေသည်။ Yibo တယောက် Zhan Zhan ကိုအနည်းငယ်အားနာသလိုကြည့်လာရင်း မိခင်ဖြစ်သူအားလှည့်ကာနှုတ်ဆက်လိုက်သည်။
'အမေကျွန်တော်တို့ပြန်တော့မယ်နော်။ အမေလဲအနားယူပါဟုတ်။ '
YOU ARE READING
My Dearest Emperor { Uni+ Zawgyi}