Part 25

3.4K 235 12
                                    

Unicode ::

မနက်ခင်းညီလာခံတွင် အမတ်မင်းအပေါင်းကတစ်ယောက်တစ်ပေါက်ဆော်သြလျှောက်တင်နေကြသည်။ မည်မျှပင် ကြာသွားစေကာမူသူတို့အားလုံးအလိုရှိသည်က လက်အောက်ခံကျင်းတိုင်းပြည်၏ မင်းသမီး ထန်ချင်းရီ ကိုမိဖုရားမြှောက်ရန်သာဖြစ်လေသည်။

' ကျင်းပြည်သူတွေကို ရှီးကျိုးပြည်သူတွေနဲ့တစ်သားတည်းအုပ်ချုပ်နိုင်ဖို့ရာယုံကြည်မှုတည်ဆောက်ဖို့လိုကြောင်းပါအရှင်။ အကယ်၍ အရှင်က ကျင်း နိုင်ငံက မိဖုရားဆက်တာကိုငြင်းခဲ့လျှင် ကျင်းပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုအဖုံဖုံဆုံးရှုံးသွားနိုင်ကြောင်းပါ'

'ဟုတ်ပါတယ်အရှင်... အရှင့်အနေနဲ့လည်း အိမ်ထောင်ထူထောင်ဖို့အသက်အရွယ်အားဖြင့်သင့်တော်တဲ့အချိန်ရောက်ပြီမို့စဥ်းစားသင့်ကြောင်းပါ။'

'ကျင်း နိုင်ငံနဲ့မဟာမိတ်မဖြစ်တော့ပါက နှစ်စဥ် တင်သွင်းနေသော ကျင်း နိုင်ငံမှ ဟင်းခတ်အမွှေးအကြိုင်များ၊ သားရေနှင့်သားမွေးအထည်များနဲ့ ကောက်ပဲသီးနှံများပါဆုံးရှုံးလာနိုင်တာကြောင့် ရှီးကျိုးပြည်သူများအခက်တွေ့နိုင်ကြောင်းပါ'

'အရှင်..... ကျင်းတိုင်းပြည်ရဲ့အကူအညီမပါပဲ တလီ ကိုအနိုင်ယူဖို့ရာလုံး၀မဖြစ်နိုင်ကြောင်းပါ။'

'ကိစ္စကြီးကြီးလုပ်ဆောင်ဖို့အသေးအဖွဲလေးကိုတွေဝေမနေသင့်ကြောင်းပါအရှင်'

တယောက်တပေါက်နဲ့မနားတမ်းလွှတ်နေသောအမတ်မင်းများရဲ့စကားသံကိုငြီးငွေ့လာပြီဖြစ်ရာ

'ကဲ.... အားလုံးတော်ကြတော့... ကိုယ်တော်စဥ်းစားပြီးခါအမိန့်တော်ပြန်လိုက်မယ်။ '

Xiao Zhan တယောက်လေးပင်နေသောခြေလှမ်းများဖြင့် တိုင်ပင်ခံ အမတ်မင်းရှိရာနန်းဆောင်သို့ကြွမြန်းလာခဲ့သည်။ သူဘယ်လိုလုပ်ရမယ်ကိုလဲမစဥ်းစားတတ်တော့။ တိုင်းပြည်၏ ခေါင်းဆောင်ဖြစ်လာတည်းကတိုင်းသူပြည်သားများအပေါ်ရင်မှဖြစ်တည်လာသောသွေးသားရင်းပမာအလေးထားသောကြောင့်သူ့ရင်ထဲတွင်ရှီးကျိုးပြည်သူများကသာနံပါတ် ၁ ဖြစ်လေသည်။ ရှီးကျိုးပြည်ရဲ့ အတိုင်ပင်ခံအမတ်လေးက နံပါတ် ၁ ဆိုပိုမှန်ပေလိမ့်မည်။

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now