Part 12

4.2K 245 6
                                    

Unicode:::

Zhan Zhan အမိန့်ကြောင့် Hai Kuan ကို စစ်သားနှစ်ယောက်ကရီမြို့ရှိ ရှီးကျိုးစစ်သည်တို့စခန်းချရာတဲများဆီသို့ လူထမ်းစဥ်ဖြင့်တင်က မ ချီ လာခဲ့သည်။ Zanjin မှာလဲ တတောက်တောက်ကျဆင်းနေသောမျက်ရည်များသုတ်ကာထမ်းစဥ်၏ဘေးမှအပြေးတပိုင်း လိုက်သွားသည်။ ဖိနပ်မရှိတော့သောခြေဖဝါးများကလဲနာကျင်မှုအလျင်းမရှိ၊ ရင်ထဲစိုးရိမ်မှုတည်းဟူသောပူပန်ခြင်းအဟုန်ကသူ့ကိုရူးလောက်အောင်နာကျင်စေသည်ကြောင့်။

Xiao Zhan သည် ရီ မြို့ရှိမြို့စောင့်တပ်ကိုအင်အားထပ်ဖြည့်စေသည်။ လက်ထောက်တပ်ကြပ်အားလုံလောက်သောစစ်သည်အင်အား၊လက်နက်အင်အားဖြည့်စေပြီးမှ
အကိုတော် Yubin နှင့်အတူမြို့တော်သို့ပြန် ရန်ပြင်လိုက်သည်။ ထိုစဥ်ခြေလျင်တပ်သားတယောက်ကအလောတကော၀င်လာ၍

'အရှင့်သား..........
ရီ... မြို့....
ရီမြို့စား..သူ'

'စိတ်အေးအေးထား။ ဖြေးဖြေးပြော'

စိတ်လှုပ်ရှားမှုအဟုန်ပြင်းနေသောအနှီတပ်သားအား Yubin ကပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါမှ၄င်းတပ်သားက

'အရှင့်သား ....... ရီ မြို့စားရဲ့အိမ်တော်ကို စုန့်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်။ မီးကကြီးလွန်းလို့အခုထိငြိမ်းလို့မပြီးသေးကြောင်းပါ။ မြို့စားကတော်ဟာ နာတာရှည်ရောဂါကြောင့်အိပ်ရာထဲလဲနေရင်း မီးထဲပါသွားကြောင်း။ မြို့စားမှာလဲမြို့စားကတော်ကိုအတင်း၀င်ကယ်ရင်းပျောက်ဆုံးနေကြောင်းပါ။'

'ဒါဆို ဦးရီးတော်ရဲ့သမီး ငါကိုယ်တော့်ညီမ၀မ်းကွဲကော'

'မမလေးကတော့ မီးဘေးမှလွတ်ခဲ့ပါတယ်အရှင့်သား။ ဒါပေမယ့်အထိအရုန်းဖြစ်စဥ်အတွင်းမမလေးခြေရာပျောက်သွားပြီး၊ယခုပျောက်ဆုံးနေကြောင်းပါ။'

ထိုစဥ်အလျှောက်တော်က

'အရှင့်သား... အမျိုးသမီးတစ်ဦးကအရှင့်သားနဲ့တွေ့ရန်လျှောက်နေကြောင်းပါ။ hey..... မိန်းကလေး၀င်သွားလို့
မရ.....'

အနှီမိန်းကလေးကအနက်ရောင်၀တ်စုံကို၀တ်ဆင်ထားကာခမောက်ကိုငိုက်စိုက်ဆောင်းထားလေသည်။ သူက Xiao Zhan ရှေ့တွင်ဒူးထောက်ချကာခေါင်းကခမောက်ကိုချွတ်လိုက်သည်။ ထိုအခါမှအပြင်သို့ဆွဲထုတ်ရန်ပြင်နေသောအလျှောက်တော်ကထိုမိန်းကလေး၏လက်ကိုလွှတ်လိုက်ကာ

My Dearest Emperor { Uni+ Zawgyi}Where stories live. Discover now