Unicode::
Yibo အပြင်းအထန်ခရီးနှင်လာသည့်တိုင်စိတ်ထဲ၌စာထဲမှအကြောင်းအရာတစ်ခုကိုသာတောက်လျှောက်ပူပန်နေခဲ့လေသည်။ " ကလေး....ဘာမှမဖြစ်ရဘူးနော်" Yibo လဲနေ့ညမနားခရီးနှင်လာ၍စာပါအတိုင်း ရီမြို့ပြင်၊ စစ်စခန်း၏ မနီးမဝေးတောင်ပေါ်ရှိဇရပ်၌ချစ်ရသူကိုစောင့်စားနေလေသည်။ (တကယ်တော့ Xiao Zhan က အင်အားကြီးတဲ့စုန့်တပ်မ ကြီးကိုမနားမနေထိုးစစ်သွင်းတိုက်ခိုက်နေတာပါ။ သူက Yibo ဆီစာမပို့ခဲ့သလို Yibo သူ့ဆီလိုက်လာတာလဲမသိပါဘူး)
'အကိုလေး....'
'ညီလေး..တယောက်တည်းလား။ ဖေဖေမေမေတို့ကော'
'အစောနက၊စစ်သည်တွေကောလူတွေကောတိုက်ကြခိုက်ကြနဲ့အဓိကရုန်းဖြစ်နေတုန်းအမေကသားကိုဒီဇရပ်ထဲ၀င်ပုန်းခိုင်းထားတာ။ အခုမရှိတော့ဘူး။ အကိုလေး..သားအမေကိုကူရှာပေးပါနော်....အဟင့်ဟင့်'
'အကိုလိုက်ရှာပေးမယ်လေနော်...တိတ်တိတ်မငိုရဘူး...လာ'
Yibo တယောက်ထိုကလေးလက်ကိုတွဲရင်းအနီးအနားသို့လျှောက်ကာရှာဖွေသော်လည်းလူသူဟူ၍အရိပ်အယောင်တစိုးတစိမျှမမြင်ရ။ " စုန့်တွေပဲဖမ်းသွားလေသလား"သူတွေးမိသည်။ သူက ထိုကလေးလက်ကလေးကိုအသာပုတ်ကာနှစ်သိမ့်၍ ဇရပ်ဆီခေါ်လာပြန်သည်။ အဓိကကအကယ်၍ Xiao Zhan သူ့ကိုလာရှာ၍သူချိန်းထားသည့်နေရာ၌မရှိလျှင်သူ့ကလေးလေးစိုးရိမ်ပူပန်နေမှာစိုးသည်။ထို့ကြောင့်ထိုကလေးလက်ကိုဆွဲကာဇရပ်သို့ပြန်လာလိုက်သည်။
ထိုကလေးကအသဲတော့မာသည်။ Yibo ချော့မော့လိုက်ကတည်းကတချက်မငိုတော့ပေ။ ထို့အပြင်သူ့အမေကို Yibo ကသေချာပေါက်ရှာပေးမည်ဟုအတပ်ယုံကြည်နေသယောင်ပင်။ Yibo တယောက်နေပူထဲကပြန်လာတာကြောင့်ရော၊ နေ့ရောညပါအပြင်းအထန်ခရီးနှင်လာတာကြောင့်ပါအလွန်ပူအိုက်၍ချွေးသီးချွေးပေါက်များစီးကျနေလေသည်။ သူက ၀တ်ရုံအချို့ကိုအနည်းငယ် ဟ လိုက်ကာ၀တ်ရုံလက်တွင်းမှယပ်တောင်ကိုထုတ်ရင်းတဖျက်ဖျက်ခပ်လိုက်လေသည်။ ထိုကလေးကမပြောမဆိုနှင့်ပြေးသွားကာမကြာမီပင်ရေတခွက်ယူရင်းပြန်ရောက်လာလေသည်။
'အကိုလေး....ရော့ရေသောက်။ ပြီးရင်အမေကိုသွားရှာရအောင်နော်'
DU LIEST GERADE
My Dearest Emperor { Uni+ Zawgyi}