Unicode ::
Yibo မှာ မက်မွန်သီး ၃ လုံးကိုကိုင်ကာအိမ်တော်သို့ပြန်လာခဲ့လေသည်။ Hai Kuan ge ကသူ့ကိုမြင်သည်နှင့်
' ညီတော်လေးခါတိုင်းထက်စိတ်ကြည်နေပုံပဲ။ imm လေ ညီတော်လေးကမနက်ဖြန်အရှင့်သားဆီသွားစရာမလိုတော့လို့မလား။ နောက်ဆုံးတော့ညီတော်ရဲ့လွတ်လပ်ပေါ့ပါးတဲ့ဘ၀လေးကိုပြန်ရပြီပေါ့လေ။ အကိုတော်ဝမ်းသာပါတယ်။ ဒါနဲ့ညီတော်ဒီလောက်ပျော်တာအကိုတော်တခါမှမမြင်ဖူးဘူး။ '
Yibo မှာ အမှန်ပင်ဒီတကြိမ်လိုမပြုံးမရယ်ခဲ့ဘူးပါ။ အတော်ကြာလေပြီ။ မွေးကတည်းကဆိုပါတော့။ ဒီနေ့ဒီအချိန်တွင်တော့ဖြစ်ပျက်ခဲ့သည့်လှပသောအမှတ်တရများကရေခဲကိုယ်တော်လေးအားတည်ကြည်စွာနေနိုင်ရန်မစွမ်းနိုင်တော့ပေ။
Yibo မှာ အနည်းငယ်အမူအရာတည်ရန်ကြိုးစားလိုက်သော်လဲ ပြုံးသယောင်နှုတ်ခမ်းများကထိုအတိုင်းပင်။ သို့နှင့်သူလည်း' ဟုတ်တယ် ge ဒီနေ့တော့်ကျွန်တော်အတော်ပျော်နေတယ်။ ကျွန်တော့်အခန်းထဲသွားတော့မယ်ဗျာ။ '
Xiao Zhan နှင့်မတွေ့ရသည်မှာ ၅ ရက်ရှိလေပြီ။ ပြောတော့ဖြင့် အနှီမိုးကျရွှေကိုယ်အိမ်ရှေ့စံလေးကဆရာ့ကိုသတိရနေမှာ။ဆရာ့ဆီနေ့တိုင်းလာလည်မှာ။ဘာညာနှင့်မိုးလားကဲလား။ လက်တွေ့မှာမူ ပညာရေးအမတ်မင်းများရုံးတော်၌နေ့စဥ်ရှိနေပါလျက်သူ့အရိပ်ပင်မမြင်ရ။ ပြောရလျင်ဖြင့် အိမ်ရှေ့စံနန်းဆောင်နှင့် ပညာရေးအမတ်မင်းများ၏ရုံးတော်ကြားတွင် အိမ်ရှေ့စံလေး၏ကိုယ်ပိုင်ဥယျာဥ်လေးသာခြားလေသည်။ Yibo ကိုယ်တိုင်သွားတွေ့ဖို့ရန်လည်းမည်သို့မှဆီလျော်မှုမရှိပြီ။ ၃ နှစ်တာအနီးကပ်စာသင်ပေးခဲ့ရသောတပည့်ကျော်လေးကိုလွမ်းလို့ခွဲခွါရသည်မှာ ၅ ရက်လောက်သာရှိသေးသည်ကို အရမ်းအကဲပိုလွန်းနေသည်မလား။ ပြောရလျင်ဖြင့်ရေခဲကိုယ်တော်လေးမှာလဲတော်တန်ရုံမာနနှင့်မှမဟုတ်ပဲကို။
'အရှင့်သား'
အထိန်းတော် Xi သည်အလိုက်ကမ်းဆိုးမသိလှစွာခေါ်လိုက်သောကြောင့် Zhan Zhan လေးစိတ်ပျက်သွားကာ
YOU ARE READING
My Dearest Emperor { Uni+ Zawgyi}